ကွမ်ရှီးတက္ကသိုလ် (GXU) သည် "တရုတ်ပြည် ၏ အစိမ်းရောင်မြို့တော်" ဟုလူသိများသော ကွမ်ရှီး ၏မြို့တော် နန်နင်းမြို့ တွင်တည်ရှိသည်။ ၎င်းသည် ကွမ်ရှီး ရှိ တစ်ခုတည်းသော အမျိုးသား "၂၁၁ ပရောဂျက်" တက္ကသိုလ်ဖြစ်ပြီး၊ "နှစ်ထပ်ကွမ်း ပထမတန်းစား တက္ကသိုလ်" ဖြစ်ပြီး ပညာ ရေး ဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ အစိုးရတို့ ပူးပေါင်းဆောက်လုပ်သည့် တက္ကသိုလ် လည်းဖြစ်သည်။

GXU ကို ၁၉၂၈ ခုနှစ်တွင် ကွမ်ရှီး ဒေသ ၀ူကျိုး တွင် တည်ထောင်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကွမ်ရှီးအမျိုးသားတက္ကသိုလ် ဖြစ်လာခဲ့သည်။ ၎င်း၏ ပထမဆုံး ကျောင်းအုပ်မှာ "North Cai and South Ma" (Cai: ပီကင်းတက္ကသိုလ်၏ ဥက္ကဋ္ဌဟောင်း မစ္စတာ Cai Yuanpei) ဟု ကျော်ကြားသော တရုတ် ပညာတတ်၊ သိပ္ပံနှင့် ဒီမိုကရေစီ တော်လှန်ရေးသမားအပြင် ပညာရေးနယ်ပယ်တွင် “ကြီးမြတ်သော ဆရာကြီး” ဟုကျော်ကြားသော ဒေါက်တာ Ma Junwu ဖြစ်သည်။ထို့အပြင် အမျိုးသား ယဉ်ကျေးမှုနှင့် ပညာရေး နယ်ပယ်မှ ထင်ရှားသော ပညာရှင် အများအပြားနှင့် Li Siguang Chen Wangdao Li Da Chen Yinque နှင့် Liang Shuming တို့အား သင်ကြားရန် ဤနေရာတွင် စုရုံးရောက်ရှိခဲ့ကြသည်။ ၁၉၅၂ ခုနှစ်တွင် ဥက္ကဋ္ဌ မော်စီတုံးသည် ၎င်း၏ ကိုယ်ပိုင်လက်ရေးဖြင့် Guangxi University (တရုတ်အက္ခရာဖြင့်) ကွမ်ရှီး တက္ကသိုလ် အမည်ကို ကိုယ်တိုင်ရေးထိုးခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အမျိုးသားကောလိပ်နှင့် တက္ကသိုလ်များကို ပြုပြင် ပြောင်းလဲမှု အတွင်း ကောလိပ် ၁၉ ခုနှင့် ပေါင်းစည်းခဲ့သည်။ ငါးနှစ် ကြာပြီးနောက် ၁၉၅၈ ခုနှစ်တွင် ဥက္ကဌ မော်က GXU ကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကို အတည်ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ခေတ်သစ် သို့ဝင်ရောက်ခဲ့ပြီး ယနေ့ကျွန်ုပ်တို့သိကြသော ကွမ်ရှီးတက္ကသိုလ် အသစ်ကို ဖွဲ့စည်းရန် ကွမ်ရှီး စိုက်ပျိုးရေးတက္ကသိုလ် နှင့် ပေါင်းစည်းကာ ပညာရေးဝန်ကြီးဌာနမှ အမျိုးသားအဆင့် "၂၁၁ ပရောဂျက်" အဓိကတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြု ခဲ့ပါသည်။ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် GXU ကို အမျိုးသား " နှစ်ထပ်ကွမ်း ပထမတန်းစား " တက္ကသိုလ်များထဲမှ တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ၎င်းသည် ပညာရေးဝန်ကြီးဌာနနှင့် ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ၏ ပူးတွဲ တည်ထောင် သောတက္ကသိုလ် ဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် တွင်၎င်းကို နိုင်ငံတော် "နှစ်ထပ်ကွမ်း ပထမ တန်းစား တက္ကသိုလ်"အဖြစ် ဒုတိယ အကျော့တွင် ဆက်လက်ရွေးချယ်ခဲ့    သည်။

GXU သည် ဧရိယာ ၂၁,၄၀၀ မူ (ခန့်မှန်းခြေအားဖြင့် ၁၄,၂၆၆,၆၆၆ စတုရန်းမီတာ) ကျယ်ဝန်းပြီး ပင်မကျောင်းဝင်း မှာ ၄,၅၅၀.၇ မူ (,၀၃၃,၈၀၀ စတုရန်းမီတာ) နှင့် ကွမ်ရှီးဒေသ စိုက်ပျိုးရေး သုတေသ ဌာန (စိုက်ပျိုးရေး၊ သစ်တော၊ တိရစ္ဆာန် သုတေသနနှင့် ပညာသင်ကြားမှု အတွက် စမ်းသပ်သည့် ဌာန) မှာ ၁၆,၉၀၀ မူ (အကြမ်းဖျင်းအားဖြင့် ၁၁,၂၆၆,၆၆၆ စတုရန်းမီတာ) စုစုပေါင်း အဆောက်အအုံ ဧရိယာ စတုရန်းမီတာ ၂ သန်းကျော် ရှိသည်။ ကွမ်ရှီးတက္ကသိုလ်တွင် ၂၅ ကျောင်းရှိပြီး၊ အချိန်ပြည့် ဘွဲ့ကြို ကျောင်းသား ၂၄,၀၁၇ ဦး၊အချိန်ပြည့် ဘွဲ့လွန် ကျောင်းသား ၁၆,၇၅၁ ဦး၊အချိန်ပိုင်း ဘွဲ့လွန် ကျောင်းသား ၂,၇၈၅ ဦး၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်မှ ကျောင်းသားများအပါအ၀င် နိုင်ငံတကာ ကျောင်းသား ၁,၂၇၂ ဦး တခြား အမျိုးမျိုးသော အသက်ကြီး ပညာရေးတွင် တက်ရောက် သူ ၁၀,၉၆၇ ဦး တို့ရှိပါသည်။ တက္ကသိုလ်တွင် ပညာရေး အဖွဲ့ဝင် ၃,၃၂၁ ဦးရှိပြီး၊ ၎င်းတို့ အနက် ၅၈၅ ဦးသည် အဆင့်မြင့် ပညာရှင်နှင့် နည်းပညာပိုင်း ဆိုင်ရာ ရာထူးများ ရှိသူများ၊ ၉၄၈ ဦးသည် အလယ်အလတ် အဆင့် ပညာရှင်နှင့် နည်းပညာ ပိုင်းဆိုင်ရာ ရာထူးများရှိသူများ၊ တရုတ် အင်ဂျင်နီယာ အကယ်ဒမီ၏ အချိန်ပြည့် ပညာရှင်နှစ်ဦး ၊ အမျိုးသားအဆင့် စွမ်းရည်မြင့် ပရောဂျက်များအတွက် ကိုယ်စားလှယ် ၆၅ ဦးနှင့် နိုင်ငံတော်ကောင်စီမှ အထူး    ထောက်ပံ့ကြေး လက်ခံသူ ၂၃ ဦးရှိပါသည်။

GXU တွင် ပညာရပ် အမျိုးအစား အမြောက်အများကို သင်ကြားပေးနေပါသည်၊ အထူးသဖြင့် အတွေးအခေါ် ပညာ, စီးပွားရေး, ဥပဒေ, ပညာရေး, စာ ပေ, သိပ္ပံ, အင်ဂျင်နီယာ, စိုက်ပျိုးရေး, ဆေးပညာ, စီမံခန့်ခွဲမှုနှင့်အနုပညာ ပညာရပ်များ ပါဝင်သည်။ ၂၀၂၄ ခုနှစ်တွင် ၃၈ ခုသော ပထမအဆင့် ပညာ  ရပ်များနှင့် ၆၇ ခုသော ဘွဲ့ကြို အစီအစဉ်များရှိပြီး၊ ၁၅ ခုသည် ၇ မျိုးသော အဓိကအုပ်စုအလိုက် လက်ခံတက်ရောက်မှုနည်းလမ်းများကို အသုံးပြုကြသည်။ ယနေ့အထိ GXU သည် "ကမ္ဘာ့အဆင့်" ဆောက်လုပ်ရေး ပညာရပ်တစ်ခု၊ "ပူးတွဲ ဆောက်လုပ်သော ပထမအဆင့်ပညာရပ်စု ၂ ခု၊ နိုင်ငံတော် အဆင့် အရေးပါ   သော ပညာရပ် ၂ ခု၊ နိုင်ငံတော် အဆင့် အရေးပါသော (ဖော်ဆောင်နေဆဲ) ပညာရပ်တစ်ခု၊ ကွမ်ရှီး ပထမအဆင့်ပညာရပ် ၁၂ ခု၊ နိုင်ငံတော်အဆင့် ပထမ တန်းစား ဘွဲ့ကြို အထူးပြု အစီအစဉ် ၄၆ ခုရှိပါသည်။ အင်ဂျင်နီယာ၊ ၀တ္ထု သိပ္ပံ၊ စိုက်ပျိုးရေး၊ အပင်နှင့် တိရစ္ဆာန်၊ ဓာတုဗေဒ၊ ပတ်ဝန်းကျင်သိပ္ပံ သို့မဟုတ် သဘာဝပတ်ဝန်းကျင်၊ ဇီ၀ဗေဒ နှင့် ဇီ၀ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ မြေကြီးသိပ္ပံဘာသာရပ်စသော ဘာသာရပ် စည်းကမ်း ၉ ခုသည် SIE ၏ ထိပ်တန်း ၁% အဆင့်ရှိသည်။

GXU တွင် အမျိုးသား အဓိက ဓာတ်ခွဲခန်း ၂ ခု၊ အမျိုးသား နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အခြေစိုက်စခန်း တစ်ခု၊ အမျိုးသားတက္ကသိုလ် ဉာဏဆွဲဆောင်မှု ပလက်ဖောင်းတစ်ခု၊ အဓိက ဓာတ်ခွဲခန်း နှစ်ခုနှင့် အင်ဂျင်နီယာသုတေသနဌာနနှစ်ခု၊ နိုင်ငံနှင့် ဒေသဆိုင်ရာ သုတေသန အခြေစိုက် စခန်းတစ်ခု၊ ပြည်နယ်နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းတည်ထောင် ဆောင်ရွက်သော ဆန်းသစ် တီထွင်မှု စင်တာ နှစ် ခု၊ ပြည်နယ်အဆင့် သစ်တောနှင့် မြက်ခင်း ပြင်အုပ်ချုပ်ရေး၏ အဓိက ဓာတ်ခွဲခန်း တစ်ခု၊ နိုင်ငံတကာ စိုက်ပျိုးရေး သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု အင်စတီကျု တစ်ခု၊ အမျိုးသား ဘာသာ စ   ကား မြှင့်တင်ရေး အခြေစိုက်စခန်း တစ်ခု၊ ပြည်နယ်နှင့် ဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု ပလပ်ဖောင်း ၄၅ ခု၊ လူသား ပညာနှင့် လူမှုရေးသိပ္ပံ၏ အဓိက သုတေသန အခြေစိုက်စခန်း ၄ ခု၊ကွမ်ရှီး ဝိသေသန Think-Thanks မဟာမိတ်အဖွဲ့ဝင်အသစ် 13 ဦး စသည်ဖြင့် ရှိပါသည်။ ထို့အပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို အကောင်အထည် ဖော်ရန်အတွက် GXU သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ နှင့် ဒေသ ၄၈ ခုရှိ တက္ကသိုလ်ပေါင်း ၂၈၀ နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ရေး သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ၉၀ နှင့်ရင်းနှီးသောဆက်ဆံရေးကိုထူထောင်ခဲ့သည်။

GXU သည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ နှင့် လူမှု အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်ပါသည်၎င်းတို့အနက် နယ်ပယ် ၉ ခု ၏ ထူးခြား ဆန်းသစ်သော တီထွင်မှုများ မှ ပေါင်းစည်းမှုကို မြှင့်တင်ခြင်း၊ ဦးဆောင်အဖွဲ့များနှင့် ဆန်းသစ်တီထွင်သော အရည်အချင်းများကို တည်ဆောက်ခြင်း၊ စက်မှု-ပညာရပ်ဆိုင်ရာ သုတေသနပြုခြင်းနှင့် သိပ္ပံနည်းကျ သုတေသနရလဒ်များ အသွင်ပြောင်းခြင်းကို တွန်းအားပေးခြင်း တိုဖြစ်သည်။အောင်မြင်မှုများသည် သိသာထင်ရှားသော သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း "စက္ကူနှင့် အချည်ဖောက်ခြင်း၊ ပတ်၀န်းကျင်အပေါ်အလွန်      နည်းသော ထုတ်လွှတ်မှု ရှိသော စွန့်ပစ်ရေကို ပြန်လည်အသုံးပြုခြင်း နည်းပညာ” ၊ “ကလိုရင်းဒိုင်အောက်ဆိုဒ် အကြီးစား ပြင်ဆင်ခြင်းစနစ်၏ အဓိက နည်းပညာများ” နှင့် ပျော့ဖတ် ဒြပ်စင်မှ ကလိုရင်း အရောင်ချွတ်ခြင်း နည်းပညာ" ပရောဂျက်ကို ပညာရှင် Shuangfei Wang မှ ဦးဆောင်ကာ သုတေသန ပြုလုပ်ခဲ့သည်။ ၎င်းသုတေသန သည် ၂၀၁၆ ခုနှစ် အမျိုးသားသိပ္ပံနှင့် နည်းပညာတိုးတက်မှု ဒုတိယဆုနှင့် ၂၀၁၉ ခုနှစ် အမျိုးသားနည်းပညာတီထွင်မှု ဒုတိယဆု အသီးသီး တို့ရရှိ ခဲ့ပါသည်။ပညာရှင် Zheng Jinglian ဦးဆောင်သော " ကြီးမားသော ကြံ့ခိုင်မှု ရှိသော သံမဏိကျင်းတံတားများအတွက် အဓိကနည်းပညာ သုတေသနအဖွဲ့ " ပရောဂျက်သည် နိုင်ငံတော် အဆင့် ဆန်းသစ်တီထွင်မှုအဖွဲ့ ဒုတိယ ဆုတံဆိပ်နှင့် ၂၀၁၈ ခုနှစ် နိုင်ငံတော် အဆင့် သိပ္ပံနှင့် နည်းပညာ တိုးတက်မှု ဒုတိယဆု၁၆ ကြိမ် မြောက် တရုတ် ပြည်သူ့အင်ဂျင်နီယာ Zhan Tianyou ဆု နှင့် ၃၆ ကြိမ်မြောက် နိုင်ငံတကာတံတားညီလာခံ (IBC) ထိပ်တန်းဆု စသည်တို့ကို ချီးမြှင့် ခံရသော လူငယ်ပါမောက္ခ ဒေါက်တာ Xie Fei က ၎င်းတို့၏ သုတေသနတွေ့ရှိချက်ကို ကမ္ဘာ့ထိပ်တန်း ပညာရေးဂျာနယ် Nature (Vela Pulsar Wind Nebula X-rays are Polarized to Near the Synchrotron Limit)တွင် ၂၀၂၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ သူသည် ကွမ်ရှီး မှ ပညာရှင် တစ်ဦးအနေဖြင့် ဤဂျာနယ်တွင် ဆောင်းပါး တစ်ပုဒ်ကို ပထမဆုံး ရေးသား ထုတ်ဝေ နိုင်ခဲ့သောကြောင့် သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်သည်။ ပါမောက္ခ Han Linhai သည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော် တီထွင်ဆန်းသစ်မှု တတိယ ဆု ကို ချီးမြှင့်ခံခဲ့ပြီး ထိုနှစ်တွင် ပင် Ho Leung Ho Lee Foundation မှ သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု ဆု ကို ရရှိခဲ့ပါသည်။GXU သည် ၂၀၀၆ ခုနှစ်မှစတင်၍ ပြည်နယ်နှင့် ဝန်ကြီးအဆင့်များတွင် သိပ္ပံနှင့် နည်းပညာဆု ၄၆ ဆု၊ ထိပ်တန်းသိပ္ပံ  နှင့် နည်းပညာဆု တစ်ခု၊ ကွမ်ရှီးရှိ သိပ္ပံနှင့်နည်းပညာအတွက် အထူးပံ့ပိုး ကူညီမှုဆုနှစ်ဆု၊ ကွမ်ရှီးရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းရည်ရှိသော လူငယ်များအတွက် ထူးချွန်ဆုနှစ်ဆု၊ ကွမ်ရှီး တွင် ဆန်းသစ်တီထွင်မှုနှင့် ထိပ်တန်းဆု လေးခု၊ ကွမ်ရှီးတွင် ထူးချွန်သော အင်ဂျင်နီယာဆု တစ်ခု၊ ဒုတိယတန်းစား ဆု နှစ်ခုနှင့် ပညာရေး ဝန်ကြီးဌာန၏ အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများ၏ သိပ္ပံဆိုင်ရာ သုတေသန (လူ့စွမ်းအားနှင့် လူမှုရေးသိပ္ပံ) တို့တွင် ထူးချွန်သော အောင်မြင်မှုများ အတွက် တတိယတန်းဆု လေးဆု၊ ကွမ်ရှီး ရှိ လူမှုရေးသိပ္ပံတွင် ထူးချွန်အောင်မြင်မှုများအတွက် ပထမတန်းစားဆုများ အသီးသီးရရှိခဲ့ကြသည်။

GXU သည် ကျောင်းများကို ဆိုရှယ်လစ် တိမ်းညွှတ်မှု ဖြင့် ဦးဆောင်သွားပြီး ပညာရှင်များကို ရှာဖွေရန်နှင့်လေးစားခြင်းကို အခြေခံသည့် အရေးကြီးသော   လုပ်ငန်းတစ်ခုအနေဖြင့် သိမ်းဆည်းထားသည်။ ၎င်းတွင် အမျိုးသား အထူးပြု ပညာရပ် ၁၂ ခု၊ အမျိုးသားအဆင့်အရ အရည်အသွေးရှိသည့် သင်ကြားမှုသင်ခန်းစာ ၃ ခု၊ အမျိုးသားအဆင့်အရ သင်ကြားမှုသင်ခန်းစာ ၂ ခု၊ အမျိုးသားအဆင့်အရ အရည်အသွေးရှိသည့် သင်ခန်းစာ ၇ ခု၊ နိုင်ငံ့ ပထမ-အဆင့် ဘွဲ့နှင့် ပညာရေး သင်ခန်းစာ ၁၇ ခု ပါဝင်သည်။ ထို့အပြင် GXU သည် ပညာရေးဝန်ကြီးဌာနမှ "အထူးအင်ဂျင်နီယာ ပညာရေးနှင့် သင်တန်းအစီအစဉ်"၊ "အထူး ဥပ   ဒေ  ကျွမ်းကျင်မှု ပညာရေးနှင့် သင်တန်းအစီအစဉ်" နှင့် "အထူး ဆောက်လုပ်ရေးနှင့် တည်ထောင်မှု ကျွမ်းကျင်မှု ပညာရေးနှင့် သင်တန်းအစီအစဉ်" တို့အ တွက်   ရွေးချယ်ထားသည့် ၁၅ ချက်ပညာရပ်ဖြစ်သည်။ ထို့အပြင် GXU သည် အမျိုးသား သင်ကြားမှုအဖွဲ့ ၃ ချက်၊ အမျိုးသား ပထမ-အဆင့် ဘွဲ့များအတွက်  သင် ကြားမှုအဖွဲ့ ၁၇ ချက်၊ အမျိုးသား သင်ကြားမှုဆရာ ၂ ဦး၊ အမျိုးသား အကျိုးဆောင် ပြောင်းလဲမှုတွင် စမ်းသပ်ထားသည့် အထူးပြုခေါင်းဆောင် ၄ ချက်၊ အ  မျိုးသား ငွေကြေးနဲ့ အဆင့်မြင့် လေ့လာမှုစမ်းသပ်ခွင့် ၁ ခု၊ များသော ကောလိပ်ကျောင်းသားများအတွက် ၅ ချက် အပြင်သင်ကြားရေး အခြေခံများနှင့် ၂၅   ချက် စမ်းသပ်သင်ကြားမှု အထောက်အထားများကို ပိုင်ဆိုင်သည်။စမ်းသပ် သင်ကြားရေးစင်တာ 25 ခုတွင် အမျိုးသားအဆင့် စမ်းသပ်သင်ကြားရေး သ ရုပ်ပြ စင်တာ  ငါး ခု၊ အမျိုးသား အတုအယောင် (virtual) သရုပ်ပြ သင်ကြားရေး စင်တာ နှစ်ခုတို့ ပါဝင်သည်။ ထူးခြား ထင်ရှားသည်မှာ သင်တန်း ၃ ခုကို virtual simulation စမ်းသပ်သင်ကြားမှုတွင် အမျိုးသားအဆင့် ပထမတန်း ဘွဲ့ကြိုသင်တန်းများအဖြစ် အသိအမှတ်ပြုခဲ့ပြီး ဒုတိယဆု အမျိုးသားအဆင့် သင် ကြားရေးအောင်မြင်မှုဆုအား  ၂၀၁၈ ခုနှစ်တွင် အပ်နှင်းခဲ့ပါသည်။တက္ကသိုလ်သည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း တီထွင်ဆန်းသစ်မှုနှင့်   စွန့်ဦးတီထွင် စီးပွားရေး လုပ်ကိုင်မှုဆိုင်ရာ လုပ်ငန်းများကို များစွာ လုပ် ဆောင်သောကြောင့် တရုတ်နိုင်ငံတွင် ထိပ်တန်း တက္ကသိုလ်ကြီး ၅၀ မှ တစ်ခုအဖြစ်     ရွေးချယ်ခံခဲ့ရသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ကိုင်မှု၊ ပညာရေး ပြောင်းလဲမှုကို ဆက်လက် တိုးတက်စေ  သော ပညာရေး  ပြသမှု တက္ကသိုလ် ပထမဆုံးအုပ်စု၏ တက္ကသိုလ် တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ နိုင်ငံတော် တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် စီးပွားရေးစတင်လုပ်ကိုင်မှု   ပညာရေး အစီအစဉ် လေ့လာသင်ယူရေး အခြေခံဌာနတစ်ခုအဖြစ်လည်း ရွေးချယ်ခံခဲ့ပါသည်။အနာဂတ်တွင် GXU သည် ခေတ်သစ်တွင် တရုတ် ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်၏ လမ်းညွှန်ချက်ကို လိုက်နာမည်ဖြစ်ပြီး "နိုင်ငံတော်၏ ကြီးမြတ်ခြင်း" ကို စွဲဆောင်ကာ " ပါတီ  နှင့် တိုင်းပြည်အတွက်လူများကိုပညာပေးခြင်း" ဆိုသည့် ကျွန်ုပ်တို့၏ မူလဆန္ဒအတိုင်း သစ္စာရှိနေမည်ဖြစ်သည်။ "ကွမ်ရှီးကို ဖွံ့ဖြိုးတိုးတက်အောင်၊ တရုတ်နိုင်ငံကို ပြန်လည်နုပျိုစေခြင်း" နှင့် "လုံ့လဝီရိယနှင့် ရိုးသားမှု" ဟူသော တက္ကသိုလ်ဆောင်ပုဒ်ကို စွဲစွဲမြဲမြဲ စွဲကိုင်ကာ " နှစ်ထပ်ကွမ်း ပထမတန်းစား" စိတ်ဓာတ်ကို ရှေ့သို့ ထက်သန်စွာ ထမ်းဆောင်ပါမည်။ ထို့အပြင် GXU သည် စာရိတ္တပညာရေး ကိုထူထောင်ရန်၊ ထိပ်တန်း ပရောဂျက် ဆယ်ခု ကို အားကြိုးမာန်တက် အကောင်အထည် ဖော်ရန်နှင့် တရုတ် ဝိသေသလက္ခဏာများဖြင့် နှစ်ထပ်ကွမ်း တက္ကသိုလ် တစ်ခု တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်သည်။ ကွမ်ရှီးဒေသတွင်ရှိသော ပါတီအား စိတ်ချစေခြင်း၊ ပြည်သူများကို ကျေနပ်စေခြင်း၊ ကွမ်ရှီးကို အလုပ်အကျွေးပြုခြင်း၊ တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသ ဖွံ့ဖြိုးတိုးတက်  စေရန် ရည်ရွယ်ချက်ဖြင့် GXU သည် ခေတ်သစ်တွင် ချစ်စရာကောင်းသော ကွမ်ရှီးမြို့ ကိုတည်ဆောက်ရာတွင် ပိုမိုကောင်းမွန်သော ပံ့ ပိုးကူညီ မှု   များ ပြုလုပ် ရန် နှင့် ခိုင်မာ အားကောင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ အဖြစ်နှင့် ပါတီက ချမှတ်ထားသော ဒုတိယ နှစ်တစ်ရာ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်ဖြစ်ပါသည်။