
https://fls.gxu.edu.cn/en/Home.htm
၁၉၂၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ကွမ်ရှီးတက္ကသိုလ်သည် ၁၉၄၇ ခုနှစ်တွင် နိုင်ငံခြားဘာသာစကားဌာနကို စတင်တည်ထောင်ခဲ့ပြီး၊ ပထမဆုံးဌာနမှူးအဖြစ် ထင်ရှားသောသံတမန်၊ နိုင်ငံတော်ကောင်စီ အကြံပေးနှင့် Cambridge PhD ဘွဲ့ရရှိသူ Mr. Luo Jiezhi က တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံခြား ဘာသာ စကားဌာနသည် ပထမဆုံးသော ဘွဲ့ကြို အင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၅၀ ခုနှစ်တွင် ဘွဲ့ကြို ရုရှားစာ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဌာနများ နိုင်ငံတစ်ဝှမ်းပြန်လည်စီမံခန့်ခွဲမှုကြောင့် ကွမ်ရှီးတက္ကသိုလ်ကို ယာယီပိတ်ခဲ့ပြီး၊ ဌာန၏ ဆရာများနှင့် ကျောင်းသားများကို Sun Yat-sen University နှင့် ဝူဟန်တက္ကသိုလ် အပါအဝင် တက္ကသိုလ်လေးခုသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ကွမ်ရှီးတက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံခြား ဘာသာစကားဌာနသည် အင်္ဂလိပ်စာနှင့် ရုရှားစာ ဘွဲ့ကြိုသင်တန်းများကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဌာနသည် ဂျပန်စာ ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၉၆ခုနှစ်တွင် နိုင်ငံခြား ဘာသာစကားဌာန၊ ကောလိပ်အင်္ဂလိပ်စာ သင်ကြားရေးဌာနနှင့် ကွမ်ရှီး နိုင်ငံခြားဘာသာစကားလေ့ကျင့်ရေးစင်တာတို့ ပေါင်းစည်းကာ နိုင်ငံခြားဘာသာစကားကျောင်း ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ကျောင်းသည် စီးပွားရေးအင်္ဂလိပ်စာ သင်တန်းကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အရှေ့တောင်အာရှ ဘာသာစကားဌာနကို တည်ထောင်ခဲ့ပြီး၊ ထိုင်းစာနှင့် ဗီယက်နမ်စာ ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဌာနသည် ဘာသာပြန်နှင့် လက်တွေ့ သီအိုရီဘွဲ့လွန်သင်တန်းကို ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံခြားဘာသာစကားနှင့် စာပေဘွဲ့လွန်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
ပညာရေးအစီအစဉ်များ
ဤကျောင်းသည် ၎င်း၏ ပညာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အင်္ဂလိပ်စာဌာနအား အမျိုးသားအဆင့် ပထမတန်းစား အစီအစဉ် (National First-Class Program) အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ ထိုနောက်တွင် ဂျပန်စာဌာနအား ပြည်နယ်အဆင့် ပထမတန်းစား အစီအစဉ် (Provincial First-Class Program) အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်တွင် ဗီယက်နမ်စာဌာနအား အမျိုးသားအဆင့် ပထမတန်းစား အစီအစဉ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ ဘာသာပြန်ဌာနအား ပြည်နယ်အဆင့် ပထမတန်းစား အသိအမှတ်ပြုခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်တွင် ဘာသာပြန်ဌာနနှင့် ထိုင်းစာဌာနတို့အား အမျိုးသားအဆင့် ပထမတန်းစား အစီအစဉ်များ အဖြစ် အတည်ပြုခဲ့သည်။ ထိုနှစ်တွင်ပင် ဤကျောင်းအား ပညာရေးဝန်ကြီးဌာန၏ စာပေ၊ လူမှုရေးနှင့် အနုပညာဆိုင်ရာ ပညာရပ်များ၏ ဆန်းသစ်သော သုတေသနနှင့် လက်တွေ့ဆောင်ရွက်မှု စီမံကိန်းများ (New Liberal Arts Research and Practice Projects) တွင် ပထမဆုံး ရွေးချယ်ခံရသော အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။
၂၀၂၄ ခုနှစ်တွင်၊ နိုင်ငံခြားဘာသာစကားနှင့် စာပေဌာန၏ ပထမအဆင့် ဘာသာရပ်ဖြစ်သော နိုင်ငံခြားဘာသာစကားနှင့် စာပေ အား Soft Science China University Rankings တွင် အဆင့် ၆၉ ရရှိခဲ့ပြီး၊ နိုင်ငံတစ်ဝှမ်းလုံးတွင် ထိပ်တန်း ၃၀% အတွင်း ပါဝင်ကာ၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းတည်ထောင်သော “နှစ်ထပ်ကွမ်း ပထမတန်းစား” တက္ကသိုလ် ၁၄ ခုအနက် ဒုတိယနေရာတွင် ရပ်တည်နေသည်။
လက်ရှိတွင် ဤကျောင်းသည် မဟာဘွဲ့အစီအစဉ်များတွင် အင်္ဂလိပ်ဘာသာပြန်၊အင်္ဂလိပ်စကားပြော၊ဂျပန်ဘာသာပြန်၊ဗီယက်နမ်ဘာသာပြန်များကိုပို့ချပေးလျက်ရှိသည်။ဘွဲ့ကြိုအစီအစဉ်များတွင်အင်္ဂလိပ်စာ၊ဂျပန်စာ၊ဗီယက်နမ်စာ၊ထိုင်းစာ၊ဘာသာပြန်ဆိုရေးဘာသာရပ်ဘာသာရပ်များပို့ချပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း၊ ဤကျောင်း၏ ဘွဲ့ကြိုအစီအစဉ် ၄ ခုအား အမျိုးသားအဆင့် ပထမတန်းစား ဘာသာရပ်များ အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး၊ သင်တန်း ၈ ခုအား ပြည်နယ်အဆင့် ပထမတန်းစား အသိအမှတ်ပြုခံခဲ့ရသည်။ ဤကျောင်းအား ပြည်နယ်အဆင့်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်သော သင်ကြားရေးအဖွဲ့များ အတွက် အသိအမှတ်ပြုခံခဲ့ရသည်။ထို့အပြင် အင်္ဂလိပ်စာဌာနအား အမျိုးသားအဆင့် အဓိကဘာသာရပ် (National Key Program) အဖြစ် သတ်မှတ်ထားပြီး၊ Foreign Language and Literature ဘာသာရပ်အား ပြည်နယ်အဆင့် အဓိကဘာသာရပ် (Provincial Key Discipline) အဖြစ် သတ်မှတ်ထားသည်။ အင်္ဂလိပ်စာ၊ ဂျပန်စာ၊ ဗီယက်နမ်စာ၊ ထိုင်းစာနှင့် ဘာသာပြန်ဆိုရေးဘာသာရပ်များသည် ပြည်နယ်တွင် ထင်ရှားသော ဘာသာရပ်များ ဖြစ်သည်။
ဆရာများနှင့် အောင်မြင်မှုများ
ဤကျောင်းသည် အားကောင်းသော ဆရာ၊ဆရာမများ၏ အဖွဲ့ကို ပိုင်ဆိုင်ထားပြီး၊ စုစုပေါင်း ဆရာ၊ ဆရာမ ၁၂၁ ဦး ပါဝင်သည်။ ထိုအထဲတွင် ပါမောက္ခ ၁၉ ဦး၊ ပါမောက္ခချုပ် ၃၆ ဦးနှင့် ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ ၃၂ ဦး ပါဝင်သည်။ ထို့အပြင်၊ ဆရာ၊ ဆရာမ ၁၂ ဦးသည် လက်ရှိတွင် ပါရဂူဘွဲ့အတွက် ပညာဆည်းပူးလျက်ရှိသည်။ ဤကျောင်းသည် ထင်ရှားသော ဆရာ၊ ဆရာမများစွာကို ဂုဏ်ယူစွာ ပိုင်ဆိုင်ထားပြီး၊ ၎င်းတို့ထဲတွင် Junwu Scholar တစ်ဦး၊ Junwu Distinguished Professors သုံးဦး၊ အခြား ထင်ရှားသော ပါမောက္ခသုံးဦး၊ ပြည်နယ်အဆင့် သင်ကြားရေးဆုရှင်တစ်ဦးနှင့် တက္ကသိုလ်အဆင့် သင်ကြားရေးဆုရှင်တစ်ဦး ပါဝင်သည်။ ဆရာ၊ ဆရာမအများစုသည် နိုင်ငံတကာတွင် ပညာသင်ယူခြင်းနှင့် သုတေသနပြုလုပ်ခြင်းများမှတစ်ဆင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိထားသည်။ ဆရာ၊ ဆရာမအချို့သည် အမျိုးသားအဆင့် သင်ကြားရေးပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ဤကျောင်းသည် သုတေသနစီမံကိန်း ၂၀ ကျော်ကို လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ထဲတွင် အမျိုးသား လူမှုသိပ္ပံဘဏ္ဍာရေးအဖွဲ့ (National Social Science Fund)၏ စီမံကိန်းခွဲတစ်ခု၊ အမျိုးသားလူမှုသိပ္ပံဘဏ္ဍာရေးအဖွဲ့၏ စီမံကိန်းခုနစ်ခုနှင့် ပြည်နယ်နှင့် ဝန်ကြီးဌာနအဆင့် စီမံကိန်း ၁၅ ခု ပါဝင်သည်။ ထို့အပြင်၊ ဤကျောင်းသည် ပညာရေးဝန်ကြီးဌာန (Ministry of Education) မှ ထူးချွန်သော သိပ္ပံနှင့် သုတေသနအောင်မြင်မှုဆုများနှင့် လူမှုသိပ္ပံဆိုင်ရာ ထူးချွန်အောင်မြင်မှုဆုများ (Guangxi Outstanding Achievements in Social Sciences)ကို ရရှိခဲ့သည်။
လက်ရှိတွင် ကျောင်းသည် Routledge မှထုတ်ဝေသော “Asia Pacific Translation and Intercultural Studies” နှင့် Wuzhou Communication Press မှထုတ်ဝေသော တရုတ်ဂျာနယ် “Asia Pacific Interdisciplinary Translation Studies” တို့ကို ကျောင်းမှ ကြီးကြပ်ပါသည်။
ကျောင်းတွင် ထင်ရှားသော သုတေသန အဖွဲ့အစည်းများပါဝင်သည်။ ထို့အတူ တက္ကသိုလ်အဆင့် အဖွဲ့အစည်းဖြစ်သည့် အာရှပစိဖိတ် ဘာသာပြန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသန အင်စတီကျူး (Asia Pacific Institute for Translation and Intercultural Studies)၊ John Benjamins ပုံနှိပ်ကုမ္ပဏီနှင့် ပူးပေါင်းကာ တည်ထောင်ထားသော ဘာသာပြန်သုတေသနဆိုင်ရာ Corpus and Technology Research Center နှင့် အဖွဲ့ဝင်နိုင်ငံ ၁၈ နိုင်ငံပါဝင်သည့် အာရှပစိဖိတ် ဘာသာပြန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသန ဖိုရမ် (Asia Pacific Forum for Translation and Intercultural Studies)တို့လည်း ပါဝင်သည်။
ပံ့ပိုးမှုများနှင့်နှီးနှောဖလှယ်ပခြင်း
နှစ်စဉ်ကျောင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမြင့် ဆွေးနွေးပွဲ အကြီးစား ၂-၃ ခုကို စီစဉ်ကျင်းပပြီး၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကဲ့သို့သော အကြီးအကျယ် နိုင်ငံတကာပွဲများအတွက် အလွှာမြင့်ဘာသာပြန်ဝန်ဆောင်မှုများ၊ အထူးသဖြင့် တစ်ချိန်တည်းဘာသာပြန်ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ဤလုပ်ဆောင်ချက်များသည် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ဝင်ရိုးတစ်ခုအဖြစ် အားထားစရာအခန်းကဏ္ဍတစ်ခုကို တည်ဆောက်ပေးပြီး၊ အများပြည်သူ၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှတ်ချက်များကို ရရှိစေပါသည်။
မျှော်မှန်းချက်နှင့် မစ်ရှင်
“အလေ့အကျင့်ပညာရေး” ကို အခြေခံလမ်းပြအဖြစ်ယူပြီး “ကြိုးစားမှု၊ သမာဓိရှိမှု၊ ယဉ်ကျေးမှု၊ သင်ကြားမှု၊ သစ်တိုးဖန်တီးမှု” ဟူသော စကားဝိုင်းကို မှီတည်၍ ကျောင်းသည် ထူးချွန်သော အရည်အချင်းရှိကျောင်းသားများကို ဖွံ့ဖြိုးစေရန် ဆက်လက်ပြုလုပ်နေသည်။ သင်ကြားမှု ပြုပြင်ပြောင်းလဲမှုနှင့် အရည်အသွေးမြှင့်တင်မှုကို အဓိကထားကာ ကျောင်းသားများအား ကောင်းမွန်ပြီး နိုင်ငံတကာအမြင် ရရှိစေရန် ပြင်ဆင်ပေးပါသည်။လက်ရှိတွင် ကျောင်းသည် ကျောင်းသားစုစုပေါင်း ၁,၁၅၁ ဦးရှိပြီး၊ ယင်းတို့အနက် ၇၉၀ ဦးသည် ဘွဲ့ကြိုကျောင်းသားများ၊ ၃၆၁ ဦးသည် ဘွဲ့လွန်ကျောင်းသားများ ဖြစ်သည်။ ကျောင်းသားများသည် နိုင်ငံတစ်ခြားနှင့် ဒေသဆိုင်ရာ နိုင်ငံခြားဘာသာပြိုင်ပွဲများတွင် မကြာခဏ ထူးချွန်မှုရရှိလေ့ရှိသည်။ ထို့အပြင် အမျိုးသားဘာသာပြန်အရည်အချင်းစစ်ဆေးမှု (National Translation Professional Qualification Examination) တွင် ကျောင်းသားများ၏ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားပြီး၊ တူညီသောအဆင့်ရှိ တက္ကသိုလ်များအနက် ထိပ်ဆုံးတွင် ရှိနေသည်။
ခေတ်သစ်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်သည် အရည်အချင်းရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆိုင်ရာဘာသာရပ်များနှင့် ပလက်ဖောင်းများအား ခိုင်မာစေခြင်း လက်တွဲပူးပေါင်းလုပ်ဆောင်မှုကို တိုးတက်စေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အခွင့်အလမ်းများကို အသုံးချခြင်းနှင့် ပေါင်းစုံဖွံ့ဖြိုးမှုများအား ဆက်လက်တိုးတက်စေရန် အဓိကထားကာ၊ “နှစ်ထပ်ကွမ်း ပထမတန်းစားအဆင့်” တက္ကသိုလ်အဖြစ် ရောက်ရှိရန်ရည်မှန်းပြီး နိုင်ငံတော်စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးထူးခြားခြား အထောက်အကူပြုမည်ဖြစ်သည်။