တက္ကသိုလ်ခေါင်းဆောင်များသည် တရုတ်နှစ်သစ်ကူးညစာစားပွဲကို ကျောင်းသားများနှင့်အတူ ဆင်နွှဲ

ဇန်နဝါရီ ၂၈ ရက်၊ တရုတ်နှစ်သစ်ကူးအကြို၊ GXU ကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ ဟန်လင်းဟိုင်(Han Linhai)နှင့် GXU ၏ ဒု-ကျောင်းအုပ်ကြီး ပါမောက္ခဒေါက်တာလျံအန်ဝေ (Liang Enwei)တို့သည် ဆောင်းရာသီအားလပ်ရက်တွင် တရုတ်ရိုးရာ မြွေနှစ် နှစ်သစ်ကူးအကြိုညစာစားပွဲအတွက် ကျောင်းဝင်းအတွင်း နေထိုင်သော ကျောင်းသားများနှင့် ဆင်နွှဲခဲ့ကြသည်။

Cuiyuan Dining Hall တွင် GXU ကိုယ်စား Han Linhai က ကျောင်းသားများအား နွေဦးပွဲတော်အတွက် ကံကောင်းစေသောအိတ်များကို ပေးအပ်ခဲ့ပါသည်။ တရုတ်အက္ခရာ "福" (ကံဇာတာ) ၊ ဖက်ထုပ်ပြုလုပ်ခြင်း၊ တရုတ်နှစ်သစ်ကူးအကြိုညစာအား ပျော်ပျော်ပါးပါး နှင့် နွေးထွေးစွာစကားပြောဆိုခြင်းတို့တွင်လည်း ၎င်းတို့နှင့်ပူးပေါင်းခဲ့သည်။ ထိုမြင်ကွင်းသည် ရွှင်မြူးဖွယ်ရာ ကြည်နူးစရာများဖြင့် ပြည့်နှက်နေသည်။