အာဆီယံနိုင်ငံများနှင့် ပညာရေးဆိုင်ရာ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ကွမ်ရှီးတက္ကသိုလ်၏ အာဆီယံဘာသာစကား (ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ခမာ၊ ထိုင်းနှင့် မလေး) ဝဘ်ဆိုက်များကို မကြာသေးမီက တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤသည်မှာ ကွမ်ရှီးတက္ကသိုလ်မှ “Double First-Class” တည်ဆောက်ရေးနှင့် တက္ကသိုလ်၏ နိုင်ငံတကာအသွင်ဆောင် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားကောင်းစွာ တိုးမြှင့်နေမှု၏ နောက်ထပ်အောင်မြင်မှုတစ်ရပ် ဖြစ်သည်။

အာဆီယံဘာသာစကားဖြင့် ဖန်တီးထားသော ဝဘ်ဆိုက်များတွင် အဓိက အစိတ်အပိုင်းရှစ်ခုပါဝင်ပြီး၊ ၎င်းတို့မှာ နောက်ဆုံးရ သတင်းနှင့် အခမ်းအနားများ၊ သုတေသနဆိုင်ရာ အောင်မြင်မှုများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ၊ သင်ကြားရေး အရင်းအမြစ်များ၊ ကျောင်းဝန်း ယဉ်ကျေးမှု၊ ဘာသာရပ် ဖွဲ့စည်းပုံ၊ အရည်အချင်းပြည့်မီသူများကို ဖိတ်ခေါ်မှုနှင့် နိုင်ငံတကာကျောင်းသား ဝန်ဆောင်မှုများ စသည့် အကြောင်းအရာများ ပါဝင်သည်။ထိုဝဘ်ဆိုက်များသည် One-stop ကဏ္ဍစုံ ဘာသာစကားဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြင့် အာဆီယံနိုင်ငံများရှိ ဆရာ၊ ကျောင်းသားနှင့် ပြည်သူလူထုအားလုံးကို ကွမ်ရှီးတက္ကသိုလ်၏ ပညာရေးဆိုင်ရာအားသာချက်များ၊ ထူးခြားချက်များနှင့် ကျောင်းဝင်ခွင့်မူဝါဒများကို ပြည့်စုံစွာ သိရှိနားလည်စေမည် ဖြစ်သည်။အနာဂတ်တွင် ကွမ်ရှီးတက္ကသိုလ်သည် ဝန်ဆောင်မှု စွမ်းဆောင်ရည်ကို ဆက်လက်တိုးတက်အောင်မြှင့်တင်သွားမည်ဖြစ်ပြီး တရုတ်-အာဆီယံ ပညာရေးဆိုင်ရာ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်သည်။