GXU သည် တရုတ်-အာဆီယံ စွမ်းအင် အင်စတီကျု ဖွင့်ပွဲအခမ်းအနားကို ကျင်းပ

မတ်လ ၂၆ ရက်နေ့တွင် ကွမ်ရှီးတက္ကသိုလ်မှ တရုတ်-အာဆီယံ စွမ်းအင်အင်စတီကျူ ဖွင့်ပွဲနှင့် တည်ထောင်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ကွမ်ရှီးတက္ကသိုလ် တရုတ်ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး Li Guozhong မှ တရုတ်-အာဆီယံ စွမ်းအင်အင်စတီကျူ တရားဝင်တည်ထောင်ခြင်းကို ကြေညာခဲ့သည်။ ကွမ်ရှီးတက္ကသိုလ် တရုတ်ကွန်မြူနစ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် တက္ကသိုလ်ဥက္ကဋ္ဌ Han Linhai မှ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည်။ Guangxi Power Grid Company ၏ ဥက္ကဋ္ဌနှင့် ပါတီကော်မတီအတွင်းရေးမှူး Hu Fan၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ပညာရေးဌာနမှ ဒုတိယအဆင့် စစ်ဆေးရေးမှူး Zhao Chengguang၊ တရုတ်စွမ်းအင်ကောင်စီ၏ ပါတီကော်မတီအဖွဲ့ဝင် Jiang Yufeng တို့မှလည်း အခမ်းအနားတွင် မိန့်ခွန်းများ ပြောကြားခဲ့သည်။

Li Guozhong မှ မကြာသေးမီနှစ်များအတွင်း ကွမ်ရှီးတက္ကသိုလ်သည် အာဆီယံနိုင်ငံများသို့ ပညာရေးစနစ်ဖွင့်လှစ်မှု၏ ထူးခြားသည့်အင်္ဂါရပ်များကို များစွာတိုးတက်လာစေခဲ့ပြီး “အာဆီယံနှင့် ချိတ်ဆက်ပါ၊ ကမ္ဘာနှင့် ချိတ်ဆက်ပါ” ဟုဆိုသော နိုင်ငံတကာဖွံ့ဖြိုးရေးမူဝါဒကို အကောင်အထည်ဖော်လာခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်-အာဆီယံ စွမ်းအင် အင်စတီကျူကို ဖွင့်လှစ်တည်ထောင်ခြင်းသည် ကွမ်ရှီး ကိုဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်အတွက် ဥက္ကဌ ရှီကျင်းဖျင် ပြောကြားချက်များကို တက်ကြွစွာ ဆောင်ရွက်ရန်၊ နိုင်ငံရေးမူဝါဒများအတွက် ဝန်ဆောင်မှုပေးရန်၊ ဒေသဖွံ့ဖြိုးရေးကို မြှင့်တင်ရန် GXU ၏ အရေးကြီးသောတာဝန်တစ်ရပ်ဖြစ်သည်။ ပညာရေးနှင့် လုပ်ငန်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ပူးပေါင်းလှုပ်ရှားမှုနှင့် ညှိနှိုင်းမှုများအားဖြင့် GXU သည် လူ့စွမ်းအားဖွံ့ဖြိုးမှု၊ သိပ္ပံနည်းပညာတီထွင်တက်မြှင့်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအကြား အပြန်အလှန်ဖလှယ်မှုများ၊ ပညာရေးအရင်းအမြစ်မျှဝေမှုများစသည့် အာဆီယံနှင့် တရုတ်အကြား ပူးပေါင်းမှုကို နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးစေမည်ဖြစ်သည်။ ကွမ်ရှီးတွင် အခြေပြုပြီး အာဆီယံဒေသကို မျက်နှာမူကာ Belt and Road တည်ဆောက်ရေးကို ဝန်ဆောင်မှုပေးသည့် ပညာရေးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တီထွင်ဖန်တီးမှု စင်္ကြန်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်သည်။ ဤအင်စတီကျူသည် မိမိတို့ဘာသာရပ်တွင် ကျွမ်းကျင်မှုရှိပြီး တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံခြားလုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသော၊ တရုတ်နိုင်ငံအပေါ် ချစ်ခင်မှုရှိပြီး နားလည်မှုရှိသော အာဆီယံနိုင်ငံများမှ စွမ်းအင်နှင့် လျှပ်စစ်အင်ဂျင်နီယာပညာရှင်များကို ပိုမိုများပြားစွာ ဖွံ့ဖြိုးပျိုးထောင်သွားမည်ဖြစ်သည်။ ဤကိစ္စသည် တရုတ်စွမ်းအင်လုပ်ငန်းများကို အရည်အသွေးမြင့်နည်းဖြင့် ကမ္ဘာ့ဈေးကွက်သို့ ထွက်ပေါက်နိုင်ရန် ထောက်ပံ့မှုအဖြစ် ဖြစ်လာမည်ဖြစ်သည်။

Hu Fan သည် တရုတ်-အာဆီယံ စွမ်းအင်အင်စတီကျူးကို တည်ထောင်ခြင်းသည် ကွမ်ရှီးတက္ကသိုလ်နှင့် တောင်ပိုင်းစွမ်းအားကွန်ယက် (ကွမ်ရှီး) တို့အကြား ယုံကြည်မှုကို တိုင်းထွာခိုင်မာစေပြီး ဆက်စပ်မှုများကို နက်နက်ရှိုင်းရှိုင်း တိုးတက်ဖွံ့ဖြိုးရန် ရည်ရွယ်သည့် မဟာဗျူဟာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို ကိုယ်စားပြုသည်ဟု ပြောကြားခဲ့သည်။ ဤအကြံအစည်သည် တရုတ်ယဉ်ကျေးမှုကို လက်ခံနိုင်သော နိုင်ငံတကာကျောင်းသားများကို ဆွဲဆောင်နိုင်ရန်၊ ကမ္ဘာ့အဆင့်တွင် ယှဉ်ပြိုင်နိုင်သော ပညာရှင်များကို ပျိုးထောင်နိုင်ရန်၊ ထို့အပြင် တရုတ်နှင့် အာဆီယံအကြား စွမ်းအင်မူဝါဒ၊ စျေးကွက်နှင့် နည်းပညာဆိုင်ရာ ချိတ်ဆက်မှုများကို တိုးမြှင့်နိုင်ရန် မျှော်မှန်းထားသည်။ ထို့အပြင် လျှပ်စစ်ဌာနဆိုင်ရာ လူ့စွမ်းအားဖွံ့ဖြိုးရေးကိုလည်း မြှင့်တင်ပေးပြီး တရုတ်စံနှုန်းများ၊ နည်းပညာများနှင့် ထုတ်ကုန်များကို အာဆီယံဒေသအတွင်း ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်စေရန် ကူညီပေးမည်ဖြစ်သည်။

Zhao Chengguang က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးဌာနသည် အစိုးရဌာနများ၊ တက္ကသိုလ်များ၊ စက်မှုအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အစုအဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ပလပ်ဖောင်းအသစ်များ ဖန်တီးခြင်းနှင့် မိတ်ဖက်များ တိုးချဲ့ခြင်းဖြင့်၊ ၎င်းသည် "တက္ကသိုလ်-လုပ်ငန်း-တက္ကသိုလ်" "အစိုးရ-စက်မှုလုပ်ငန်း-တက္ကသိုလ်" နှင့် "တက္ကသိုလ်-စက်မှုလုပ်ငန်း-လုပ်ငန်း" ကဲ့သို့သော မော်ဒယ်များကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။ ယင်းက အာဆီယံကို အဓိကထားသည့် "စက်မှု-ပညာရပ်-သုတေသန" ဂေဟစနစ်အား တိုးမြှင့်ပေးမည်ဖြစ်ပြီး တရုတ်-အာဆီယံ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်များဆီသို့ မောင်းနှင်ပေးမည်ဖြစ်သည်။

Jiang Yufeng က တရုတ်-အာဆီယံ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသော စျေးကွက် အလားအလာကို ရရှိထားကြောင်း ပြောကြားခဲ့သည်။ တရုတ်-အာဆီယံ စွမ်းအင်သိပ္ပံနှင့် တရုတ်လျှပ်စစ်ကောင်စီသည် စွမ်းရည်မြှင့်တင်ရေး၊ နည်းပညာဖလှယ်ရေးနှင့် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ လျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများကို မျှဝေခြင်းဖြင့် အာဆီယံနိုင်ငံများ၏ ပါဝါနည်းပညာစွမ်းရည်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်ရန် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုက ကူညီပေးမည်ဖြစ်ပါသည်။

တရုတ်-အာဆီယံစွမ်းအင်အင်စတီကျုသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် AI ကဲ့သို့သော ခေတ်မီနည်းပညာများကို အသုံးချကာ ပေါင်းစပ်အွန်လိုင်း-အော့ဖ်လိုင်း ဖလှယ်ရေးပလပ်ဖောင်းများကို တည်ထောင်မည်ဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေချိန်တွင် ပုံမှန်နှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေရန် ပူးတွဲသုတေသနအစီအစဉ်များကို စတင်ဆောင်ရွက်မည်ဖြစ်သည်။

ဆရာမများနှင့် နိုင်ငံတကာမှ ကျောင်းသားကိုယ်စားလှယ်များသည် ဤအောင်မြင်မှု မှတ်တိုင်အခိုက်အတန့်ကို  စုဝေးဂုဏ်ပြုခဲ့ကြသည်။