ကွမ်ရှီးတက္ကသိုလ်မှပညာရှင် ၁၁ ဦးသည် Elsevier ၏ ၂၀၂၄ ခုနှစ် "အများဆုံးကိုးကားခံရသည့်တရုတ်သုတေသနရှင်များ" စာရင်းတွင် ပါဝင်

ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီဖြစ်သည့် Elsevier မှ ၂၀၂၄ ခုနှစ်အတွက် "အများဆုံး ကိုးကားခံရသည့် တရုတ်သုတေသနရှင်များ" စာရင်းကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ စာရင်းတွင် တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သုတေသနအဖွဲ့အစည်းစုစုပေါင်း ၅၄၇ ခုမှ ပညာရှင်စုစုပေါင်း ၆,၃၈၈ ဦး ပါဝင်သည်။ ကွမ်ရှီးတက္ကသိုလ် မှ ပညာရှင် ၁၁ ဦးကို ရွေးချယ်ထားပြီး၊ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ပညာရှင် ၃ ဦး တိုးပွားလာသည်။ ရွေးချယ်ခံရသော ပညာရှင်များမှာ— Han Linhai(ဆောက်လုပ်ရေးအင်ဂျင်နီယာ),Xiao Jianzhuang (ဆောက်လုပ်ရေးအင်ဂျင်နီယာ),Chen Zongping (ဆောက်လုပ်ရေးအင်ဂျင်နီယာ),Zhang Wei (စက်မှုဗေဒ),Long Hualou (အများပြည်သူစီမံခန့်ခွဲမှု),Chen Wuhua (လျှပ်စစ်အင်ဂျင်နီယာ),Lin Weiying (ဓာတုဗေဒ),Shen Peikang (ပစ္စည်းဗေဒနှင့်အင်ဂျင်နီယာ),Yu Kefufu (ဇီဝဗေဒ),Zhu Bangzhu (စီးပွားရေးစီမံခန့်ခွဲမှု),Xu Xiangrong (ရေကြောင်းသိပ္ပံ) တို့ဖြစ်ကြသည်။

ဤစာရင်းသည် တကမ္ဘာလုံးအတိုင်းအတာအတွင်း နာမည်ကြီးသော ကိုးကားမှုနှင့် အကျဉ်းချုပ်ဒေတာအချက်အလက်ရင်းမြစ်ဖြစ်သည့် Scopus မှ ဒေတာများအပေါ်အခြေခံထားပြီး၊ တရုတ်ပညာရှင်များ၏ သုတေသနထုတ်လုပ်မှုများအတွက် စာရင်းအင်းဆိုင်ရာအခြေခံအရင်းအမြစ်အဖြစ် လုပ်ဆောင်ပေးနေသည်။Shanghai Ranking Consultancy မှ ဖန်တီးသည့် နည်းဗျူဟာအရ၊ စာရင်းတွင် တရုတ်ပညာရှင်များ၏ ပညာရေးဘဝအဆင့်အမျိုးမျိုးတွင် ရှိနေသောသူများကို အထူး ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး၊ နယ်ပယ်အသီးသီးတွင်ထင်ရှားသော သုတေသနစွမ်းဆောင်ရည်များကို စနစ်တကျ ဖော်ပြထားသည်။ဤစာရင်းသည် တရုတ်နိုင်ငံအတွင်း သုတေသနလောက၌ လူ့စွမ်းအားအရင်းအမြစ်များ၏ လက်ရှိအခြေအနေကို စနစ်တကျ ဖော်ပြရန်သာမက၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ၏ ဘာသာရပ်ပိုင်း အားသာချက်များနှင့် ပညာရေးသက်ရောက်မှုများကိုလည်း တိကျစွာ တင်ပြပေးနိုင်သည်။ ထို့အပြင် ထူးခြားသောနည်းပညာသုတေသနနှင့် ဦးစားပေးနယ်ပယ်များတွင် ထိပ်တန်းကျွမ်းကျင်သူများကို ဖော်ပြပေးသည်။

“အများဆုံး ကိုးကားခံရသည့် သုတေသနရှင်များ” စာရင်းအတွက် အခြေခံဒေတာထုတ်ယူခြင်းတွင်၊ Elsevier ၏ဘာသာရပ်အမျိုးအစားခွဲခြားသတ်မှတ်မှုစနစ်ကို တရုတ်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ပထမအဆင့် ပညာရေးဘာသာရပ်များနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသော စနစ်သစ် တစ်ခုကို အသုံးပြုထားသည်။စနစ်သစ်တွင် ဘာသာရပ် ၁၁၁ ခုကို ထည့်သွင်ထားသဖြင့် တရုတ်ပညာရှင်များ၏ သက်ဆိုင်ရာဘာသာရပ်များနှင့် သုတေသနစွမ်းဆောင်ရည်ကို ပိုမိုရှင်းလင်း၍ စနစ်တကျ ဖော်ပြနိုင်သည်။ထို့အပြင် တရုတ်ပြည်၏ ဒေသများအလိုက် ထူးခြားသော ဗဟုသုတနှင့် သုတေသနအောင်မြင်မှုများ ရရှိထားသည့် ဘာသာရပ်အခြေခံပညာရှင်များကိုလည်း ပြည်သူ့အမြင်အထင်တွင် ထင်ပေါ်လာစေသည့် အခန်းကဏ္ဍအဖြစ် ထောက်ပံ့ပေးနိုင်သည်။