ဇွန်လ ၂၄ ရက်နေ့တွင်ကျွန်ုပ်တို့၏ကျောင်း GXU တွင် ၂၀၂၅ ခုနှစ် အတန်းမှဘွဲ့ရ ၉၇၇၃ ဦး (ဘွဲ့ကြို ၅၀၁၃၊ မဟာကျောင်းသား ၄၅၃၈ နှင့် ပါရဂူကျောင်းသား ၂၂၂ အပါအဝင်) အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဘွဲ့ချီးမြှင့်ပွဲအခမ်းအနားကို အနောက်ဘက် ကျောင်းဝင်း အားကစားကွင်း၌ ကျင်းပခဲ့ပါသည်။ တက္ကသိုလ်ပါတီအတွင်းရေးမှူးနှင့် တက္ကသိုလ်ဘွဲ့အကဲဖြတ်ရေးကော်မတီဥက္ကဋ္ဌ Mr.Li Guozhong ၊ပညာရေးဝန်ကြီးဌာန၏ ပါတီဆက်သွယ်ရေးမှူး Mr.Li Jibing၊ တရုတ်အင်ဂျင်နီယာအကယ်ဒမီ၏ ပညာရပ်ကျွမ်းကျင်သူနှင့် မြို့ပြအင်ဂျင်နီယာနှင့် ဗိသုကာကျောင်းမှ ပါမောက္ခ Mr.Zheng Jielian၊ တရုတ်အင်ဂျင်နီယာအကယ်ဒမီ၏ ပညာရပ်ကျွမ်းကျင်သူနှင့် အသေးစားစက်မှုလုပ်ငန်းနှင့် အစားအသောက်အင်ဂျင်နီယာကျောင်းမှ ပါမောက္ခ Mr.Wang Shuangfei၊ကျောင်းခေါင်းဆောင်များ၊ ကျောင်းဘွဲ့အကဲဖြတ်ရေးကော်မတီဝင်များ၊ နာမည်ကြီး ပညာရှင်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများနှင့် ကျောင်းသားဟောင်းများ အပါအဝင် ကျောင်း၏ ပါတီကော်မတီနှင့် ဒုတိယဥက္ကဋ္ဌ Mr.Liu Xiang တို့က အခမ်းအနားသို့ တက်ရောက်ကြသည်။


ကျောင်းကိုယ်စား Li Guozhong မှ ဘွဲ့ရကျောင်းသားများနှင့် မိဘများအားလုံးကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သင်ကြားရန် ကြိုးစားအားထုတ်ခဲ့သော ဆရာများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုစကားပြောကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်မှုကို အမြဲဂရုတစိုက်ဆောင်ရွက်ခဲ့ကြသော လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သိပ္ပံသုတေသန၊ ဘာသာရပ်ပြိုင်ပွဲများ၊ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများနှင့် ကျောင်းတွင်းအုပ်ချုပ်မှုတွင် ကျောင်းသားများ၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်ကို အပြည့်အဝအတည်ပြုပြီး ကျောင်းနှင့်အတူ ကြီးပွားတိုးတက်ရန် ၎င်းတို့၏တာဝန်ယူမှုအတွက် ကျောင်းသားများအား ချီးကျူးဂုဏ်ပြုခဲ့သည်။

ခွဲခွာခါနီး နောက်ဆုံးအချိန်တွင် Mr.Li Guozhongက ကျောင်းသားကျောင်းသူများထံသို့ မျှော်မှန်းချက်သုံးချက် ပြောကြားလိုက်သည်။ပထမမှာ -ပထမဦးစွာ မျိုးချစ်စိတ်၊ ခံယူချက်၌ ခိုင်မာပြီး နိုင်ငံကို တည်ဆောက်ရာတွင် တာဝန်ကို ရဲရင့်စွာ ထမ်းဆောင်ရန်။အနီရောင်သမိုင်းရင်းမြစ်ကို ဆက်လက်ဆောင်ရွက်ပြီး၊ နိုင်ငံအပေါ် ချစ်ခြင်းမေတ္တာကိုခိုင်မာစွာပျိုးထောင်ပါ။ နိုင်ငံကိုချစ်သောစိတ်၊ နိုင်ငံကိုတိုးတက်အောင်လုပ်လိုသောစိတ်၊ နိုင်ငံအတွက်အလုပ်လုပ်သောအပြုအမူတို့ကို အတူတကွ ပေါင်းစည်း၍ ခေတ်သစ်တရုတ်နိုင်ငံတည် ဆောက်ရေးတွင် မျှော်လင့်ချက်ကိုပေါင်းစည်းပြီး ပြည်သူများအတွက်တာဝန်ယူခြင်း၊ နိုင်ငံအတွက်ဆောင်းရွက်ခြင်းတို့ဖြင့် တန်ဖိုးရှိသောလူငယ်ဘဝတစ်ခုကို ဖော်ဆောင်ရန်။ဒုတိယမှာ - လက်တွေ့ဆောင်ရွက်မှုဖြင့် မရပ်မနား ကြိုးစားခြင်း၊ အခက်အခဲများအထဲမှ ကြံ့ကြံ့ခံ၍ရှေ့ဆက်ခြင်း၊ လက်တွေ့လုပ်ငန်းစွမ်းရည်ရှိသူ တကယ်အကြောင်းအရာကိုဖြေရှင်းနိုင်သူဖြစ်ရန် ရည်မှန်းပါ။ ရင်ဆိုင်ရမည့်အနာဂတ်အတွက် အခက်အခဲကိုမကြောက်ဘဲ ကြိုးစားအလုပ်လုပ်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအဓိကအခြေခံ သုတေသနစီမံချက်များရှိသည့် နေရာတွင်သွားရောက်ပြီး စွမ်းရည်တိုးတက်အောင်ဝင်ရောက်ပြုလုပ်ပါ။တတိယမှာ - ဆန်းသစ်တီထွင်မှုဖြင့် ရှေးရှု၍ ရှာဖွေဖော်ထုတ်ခြင်း၊ မိမိအိပ်မက် စိတ်ကူးစိတ်သန်းနှင့် ဖန်တီးနိုင်စွမ်းကိုပြသပါ။ ဆန်းသစ်တီထွင်လိုစိတ်၊ ဖန်တီးနိုင်စွမ်းကိုအထွတ်အထိပ်မြှင့်တင်ပါ။ သီအိုရီအသစ်များကိုကြံစည်ပါ။ လေ့လာမှု၊ လက်တွေ့လုပ်ဆောင်မှုအတွင် အတွေ့အကြုံများစုဆောင်းပြီး၊ ရလဒ်များရရှိစေရန် ကြိုးစားပါ။ ဆန်းသစ်တီထွင်မှုသည် လူငယ်ဘဝကို ရှေ့ဆက်အောင်မြင်စေရန် အရေးကြီးသောစွမ်းအင်ဖြစ်စေပါစေ ဟူ၍ဖြစ်သည်။













