ဇွန်လ ၁၁ ရက်နေ့တွင် ကွမ်ရှီးတက္ကသိုလ် (GXU) နှင့် ဗီယက်နမ်နိုင်ငံ Nghe An တက္ကသိုလ် တို့ရဲ့ ဗီဒီယိုဆွေးနွေးပွဲကိုကို ကျင်းပခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ Nghe An တက္ကသိုလ်ဥက္ကဌ Nguyễn Ngọc Hiếu၊ဗီယက်နမ်နိုင်ငံ Nghe An တက္ကသိုလ်ဒုတိယဥက္ကဌ Trần Anh Tư၊နှင့်ကွမ်ရှီး တက္ကသိုလ် ဒုတိယဥက္ကဌMr. Xiao Jianzhuang တို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှ တရုတ်ဘာသာစကား ပညာရေး၊ ပူးတွဲ ပြုစုပျိုးထောင်ရေး အစီအစဉ်များ၊ ပူးပေါင်း ဆောင်ရွက်ရေး၊ သင်ကြားရေး ဆိုင်ရာ ဖလှယ်ရေး စသည်တို့ကို နှစ်ဖက် စလုံးက အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲအား ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများ အကောင် အထည်ဖော်ရေး ဆောလျင်စွာ မြှင့်တင်နိုင်ရေး အခွင့်အလမ်း အဖြစ် ခံယူကြ ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ Nghe An တက္ကသိုလ်သည် Tỉnh Nghệ An ၏မြို့တော် Thành phố Vinh တွင် တည်ရှိသည်။ Tỉnh Nghệ An သည် ဗီယက်နမ်နိုင်ငံ၏ မြောက်အလယ်ပိုင်းဒေသတွင် အရေးကြီးသော ပြည်နယ်တစ်ခုဖြစ်ပြီး ဥက္ကဋ္ဌ ဟိုချီမင်း၏ မွေးရပ်မြေဖြစ်သည်။ ၎င်းသည် ၂၀၁၀ ခုနှစ်တွင် ကွမ်ရှီးနှင့် ရင်းနှီးသောပြည်နယ်ဆက်ဆံရေးကို ထူထောင်ခဲ့သည်။
