
https://art.gxu.edu.cn/English.htm
ကွမ်ရှီးတက္ကသိုလ်သည် အနုပညာ ပညာရေးတွင် ရှည်လျားသော အစဉ်အလာရှိသည်။ Mr.MaJunwu သည် ၁၉၂၈ ခုနှစ်တွင် ပထမဆုံး ကျောင်အုပ် အဖြစ် တာဝန် ထမ်းဆောင်သောအခါ "သစ္စာတရား၊ ကောင်းမြတ်မှုနှင့် အလှတရား" ဟူသော အယူအဆကို မြှင့်တင်ရန်နှင့် အကောင် အထည်ဖော်ရန် ခိုင်ခိုင် မာမာ ထောက်ခံ ခဲ့သည်။ သူသည် ယနေ့ တက္ကသိုလ်၏ ပန်းပု ဥယျာဉ်တွင် ရေးထွင်းထားသည့် ကဗျာနှင့် အရေးအသား အများအပြား ကိုလည်း ကိုယ်တိုင် ကိုယ်ကျ ဖန်တီးခဲ့သည်။ ၁၉၃၆ ခုနှစ် အစောပိုင်းတွင် Guilin ၏ Yan Shan Yuan ကျောင်းဝင်း တွင် Jiao Juyin၊ Ouyang Yuqian နှင့် Ding Xilin ကဲ့သို့သော နာမည်ကြီး ပြဇာတ် ဆရာများစွာကို အနုပညာ ဖန်တီးမှုနှင့် လက်တွေ့ လုပ်ဆောင်မှုများတွင် ကျောင်းသားများအား လမ်းညွှန်ရန် ပါမောက္ခများ အဖြစ် ခန့်အပ်ခြင်းမှာ အနုပညာ ဖန်တီးမှုနှင့် အနု ပညာကို အလေး ထားသော လုပ်ဆောင်ချက် တစ်ခုလည်းဖြစ်သည်။
ကွမ်ရှီး တက္ကသိုလ်သည် ၁၉၉၇ ခုနှစ်တွင် အနုပညာ ပညာရေး သုတေသနခန်းကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အနုပညာဌာန တစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အနုပညာ ကျောင်းကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် အနုပညာကျောင်းတွင် ဝန်ထမ်းပေါင်း ၆၉ ဦး ရှိပြီး ဝန်ထမ်း ၆၆ ဦး ပါဝင်သည်။ တရားဝင် ဝန်ထမ်းနှင့် အချိန်ပြည့်ဆရာ ၅၃ ဦး၊ အထက်တန်း အဆင့် ပါရမီရှင် တစ်ဦး၊ ပါမောက္ခ ၆ ဦး၊ တွဲဖက်ပါမောက္ခ ၁၈ ဦး၊ ပါရဂူဘွဲ့နှင့် ပါရဂူဘွဲ့ရ ဆရာဆရာမ ၁၃ ဦးတို့ ပါဝင်သည်။
လက်ရှိ ကျောင်းတွင် ဂီတ၊ အက၊ အနုသုခုမ၊ အနုပညာ ဒီဇိုင်းနှင့် ပြဇာတ်နှင့် ရုပ်ရှင်စာပေတို့၌ ဌာနငါးခုရှိသည်။ ၎င်းတွင် လမ်းညွှန်ချက် သုံးခုပါဝင်သည်- ဒရာမာနှင့် ရုပ်ရှင်စာပေ၊ ဂီတနှင့် ဒီဇိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ် မာစတာဘွဲ့ ခွင့်ပြုချက် ပွိုင့် တစ်ခု ရှိသည်။လက်ရှိတွင် ဘွဲ့ကြိုကျောင်းသား ၈၂၂ ဦးနှင့် ဘွဲ့လွန်ကျောင်းသား ၁၄၄ ဦးရှိသည်။
စည်းကမ်းပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းရည်မြှင့် သင်တန်း၊ ပညာရေး ဝန်ကြီးဌာန၏ ပရောဂျက်အတွက် ကျောင်းက ဦးဆောင်ခဲ့သည်။ “ထူးချွန်သော တရုတ်ယဉ်ကျေးမှု (Cai Di-ao အော်ပရာ) အမွေအနှစ်အခြေစိုက်ဌာန( Excellentional Chinese Culture (Cai Diao opera) Inheritance Base)” ပရောဂျက်ကို ၂၀၂၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ "Campus Theat-re Creative Art Joint Graduate Education Base" ကို ကွမ်ရှီး ကျွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (GZAR) ဘွဲ့လွန် စံပြ ပရောဂျက်အဖြစ် ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့သည်။ဂီတနှင့် အနုသုခုမ ဘာသာရပ်များကို အမျိုးသား ပထမတန်း ဘွဲ့ကြို အဓိက ဖွံ့ဖြိုးတိုးတက်ရေး နေရာများအဖြစ် စာရင်းသွင်းထားပြီး၊ အကနှင့် အနုပညာ ဒီဇိုင်း အကြီးစားများကို ပြည်နယ် ပထမတန်း ဘွဲ့ကြို အဓိက ဖွံ့ဖြိုးတိုးတက်ရေး နေရာများအဖြစ် စာရင်းသွင်းထားသည်။ 6 ကြိမ်မြောက် အမျိုးသား တက္ကသိုလ် ကျောင်းသား ပန်းချီပြပွဲ တွင် ကွမ်ရှီးတက္ကသိုလ် အနုပညာ ကျောင်း မှ ပထမဆု ၂ ဆုနှင့် ဒုတိယဆု ၁ ဆု ရရှိခဲ့ပြီး ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် ဒုတိယဆု 2 ဆုကိုလည်း ရရှိခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေ၊ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ကွမ်ရှီးပြဇာတ်ပြပွဲတွင် အနုပညာကျောင်းမှ ဆုပေါင်းများစွာရရှိ ခဲ့သည်။ ထိုအခမ်းအနား ကို GZAR ၏ CPC ပြန်ကြားရေး ဌာနမှ ထောက်ပံ့ပါသည်။
အနုပညာ ဖန်တီးမှုနှင့် သိပ္ပံနည်းကျ သုတေသန ပြုလုပ် ဖန်တီးထားသော အက လက်ရာများနှင့် ကျောင်း၏ဌာနမှ ရေးသားထားသော ဆောင်းပါးများကို "တာလီဖလား(Tao Li Cup)" အမျိုးသားအကပြိုင်ပွဲနှင့် "Lotus Award" တရုတ်ရိုးရာ အကပြိုင်ပွဲများအတွက် ရွေးချယ်ထားသည်။ ကျောင်းသည် ကွမ်ရှီး ရှိ စာပေနှင့် အနုပညာ ဖန်တီးမှုအတွက် အမြင့်ဆုံးဆု ခြောက်ဆု၊ ကွမ်ရှီး ရှိ စိတ်ပိုင်းဆိုင်ရာ နှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် "Five One " ပရောဂျက်ဆု (၃)ဆု၊ စာပေနှင့် အနုပညာဖန်တီးမှုများအတွက် "Hua Shan Awards" နှစ်ခု၊ နှင့် ကွမ်ရှီး ရှိ လူမှုသိပ္ပံသုတေသနတွင် ထူးချွန်အောင်မြင်မှုများအတွက် ဆု လေးဆု၊ သုတေသန ပရောဂျက်များအတွက်ကျောင်းသည်တရုတ်အမျိုးသားအနုပညာရံပုံငွေမှထောက်ပံ့ငွေသုံးခု၊ အမျိုးသား လူမှုရေးနှင့် သိပ္ပံရန်ပုံငွေမှ တစ်ဦးချင်း ပရောဂျက်တစ်ခု၊ "ရှားပါး ပျောက်ကွယ်နေသော ရိုးရာအနုပညာပုံစံများ" မှ အထွေထွေပရောဂျက်နှစ်ခုနှင့် အမျိုးသား လူမှုရေးနှင့် လူငယ်သိပ္ပံပညာရှင် ပရောဂျက် တစ်ခု ၊အနုပညာ အတွက် ရန်ပုံငွေ အပြင် အမျိုးသား လူမှုရေးနှင့် သိပ္ပံရန်ပုံငွေ၏ အနောက်တိုင်း ပရောဂျက်မှ ပရောဂျက် တစ်ခုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည် ထောင်ခြင်း နှစ်၇၀ပြည့် အထိမ်းအမှတ်အဖြစ် တီယန်မင်ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားနေ့ အခမ်းအနားတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းမှ ဆရာ များနှင့် ကျောင်းသားများ" တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်၁၀၀ပြည့် ယဉ်ကျေးမှုပြပွဲ ကွမ်ရှီးတည်ထောင်ခြင်း နှစ်၆၀ပြည့် အခမ်းအနားတွင် ကွမ်ရှီးမှ"XueSeXiang"(Bl-oodyXiangjiang) ကပြဖျော်ဖြေ ယဉ်ကျေးမှု စက်မှုလုပ်ငန်းအဖွဲ့၊ Northwestern Polytechnical University မှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တေးဂီတ "RongshuiBallad" ကိုဖန်တီးခြင်းနှင့် ပေကျင်းတွင် တရုတ်နှင့် ပါကစ္စတန်ကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်၇၀ပြည့် နှစ်ပတ်လည် အခမ်းအနားများတွ င်ပါဝင်ခြင်း၊အနုပညာကျောင်းနှင့် Junwuယဉ်ကျေးမှု သုတေသန အင်စတီကျု မှပူးပေါင်းထုတ်လုပ်သည့် "Hua Shan Qi Yuan"(Strange Encounters in Flower Mountain) ဂီတကို ဒါရိုက်တာ Dean Hu Hongyi မှဇာတ်ညွှန်းရေးသားသည့် ပထမအသုတ်အဖြစ် "ကွမ်ရှီး ခေတ်ပြိုင်စာပေနှင့် အနုပညာဖန်တီးမှု ပရောဂျက်အတွက် သုံးနှစ်စီမံကိန်း" ၌ပံ့ပိုးပေးထားသည့် ပရောဂျက်များအဖြစ်ရွေးချယ်ခံခဲ့ရသည်။
အနုပညာပညာရေး၊ အတွေးအခေါ်နှင့် နိုင်ငံရေးအလုပ်နှင့် ကွန်မြူနစ်ပါတီလှုပ်ရှားမှုများ။ အနုပညာကျောင်းသည် Aesthetic Education Immersion အစီအစဉ် ကို အားတက်သရော မြှင့်တင်ကာ လေ့ကျင့်မှုများ ပြုလုပ်ထားပြီး အနုပညာ + ပါတီသမိုင်း၊ ဂီတ + ပါတီ သမိုင်း၊ အက + ပါတီသမိုင်း စသည်ဖြင့် ခေါင်းစဉ် အခြေခံ ပါတီ သင်ခန်းစာများကို စီစဉ် ပေးထားပါသည်။ "ကျောင်းတွင်း ပြဇာတ်မှတဆင့် အတွေးအခေါ်နှင့် နိုင်ငံရေးပညာရေး" ကျောင်းသည် အနုပညာ သင်တန်းများတွင် အယူဝါဒနှင့် နိုင်ငံရေးပညာကို နက်နက်ရှိုင်းရှိုင်း အကောင်အထည် ဖော်ခဲ့ပြီး တက္ကသိုလ်တစ်လျှောက် အနုပညာနှင့် ပြည်သူ့အနုပညာဆိုင်ရာ ရွေးချယ်မှုသင်တန်း ၅၀ ကျော်ကို ပေးဆောင်ကာ အတွေးအခေါ်နှင့် နိုင်ငံရေးပညာဖြင့် စံပြသင်တန်း ငါးခုကို ဖော်ဆောင်လျက်ရှိသည်။ ထို့အပြင် Cai Diao အော်ပရာနှင့် ပတ်သက်သည့် အထူးသင်တန်း(၇)ခုကို ဖွင့်လှစ်ပေးမည့် "ထူးခြားကောင်းမွန်သော တရုတ်ရိုးရာ ယဉ်ကျေးမှု (Cai Diao အော်ပရာ)အမွေအနှစ်အခြေခံ"ပညာရေးဝန်ကြီးဌာန၏ ပရောဂျက်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကျောင်းသည် Guangxi ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ ၏ ရုပ်သေးပြဇာတ်အဖွဲ့နှင့် ပူးပေါင်း၍ ရုပ်သေးဂီတ "Ji Mao Xin" (The Letter With Feathers) ကို ဖန်တီးပြီး ဖျော်ဖြေခဲ့သည်။ ထုတ်လုပ်မှုကို တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လက်ဆောင် ပ ရောဂျက်အဖြစ် ရွေးချယ်ခဲ့ပြီး ပါတီကော်မတီ၏ "ကွမ်ရှီး ခေတ်ပြိုင်စာပေနှင့် အနုပညာဖန်တီးမှု ပရောဂျက်" မှ အဓိက ပရောဂျက်အဖြစ် ပါဝင်ခဲ့သည်။
ကွမ်ရှီးတက္ကသိုလ်၏ အနုပညာကျောင်းသည် “၂၁၁ ပရောဂျက်” နိုင်ငံလုံးဆိုင်ရာ အထူးကျောင်း တစ်ကျောင်း အဖြစ်ပါဝင်ထားသည့် ဂွမ်ရှီးမှ တစ်ခုတည်းသောတက္ကသိုလ် ဖြစ်ပြီး၊ ကမ္ဘာ့အဆင့်မီ ဘာသာရပ်များ ဖွံ့ဖြိုး တိုးတက်စေရန် တည်ဆောက်သည့် နိုင်ငံလုံးဆိုင်ရာပရောဂျက်တွင် ပါဝင်ခြင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာနနှင့် ကွမ်ရှီး ကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပညာရေးအစိုးရမှ ပူးပေါင်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအမြစ်များဖြင့် တည်ဆောက် ထောက်ပံ့ထားသောကျောင်း ဖြစ်သည်။ ကျောင်းသည် ကွမ်ရှီးတက္ကသိုလ်၏ “လုပ်ကြိုးစား၊ စိတ်နှလုံးသန့်ရှင်း” ဆိုသည့် ဆောင်ပုဒ် ကိုလက်တွေ့ကျကျ အကောင်အထည်ဖော်ရန် ကြိုးပမ်းရင်း၊ “သုတေသနနှင့် သင်ကြားရေး အခြေခံ ဖွဲ့စည်းခြင်း၊ ဘာသာရပ်ဆိုင်ရာ ပလက်ဖောင်း ဖန်တီးခြင်း၊ စုစုပေါင်းစွမ်းရည် အားဖြည့်ခြင်း၊ ထူးခြားသော ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင်ခြင်းနှင့် ကွမ်ရှီးတွင် အဆင့်မြင့် ပထမတန်း အဆင့် ရရှိရန် ကြိုးပမ်းခြင်း” ကို ကျောင်း၏ ညွှန်းတည်ချက် အဖြစ် ချမှတ်ထားသည်။ ကွမ်ရှီးတွင် ရှိသည့် လူနည်းစု လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အရင်းအမြစ်များ၊ အရှေ့တောင်အာရှနှင့် ယဉ်ကျေးမှု ဆက်ဆံရေးတို့ကို အခြေခံပြီး ဒေသဆိုင်ရာ လူမျိုးရေး၊ အပြည်ပြည်ဆိုင်ရာနှင့် တီထွင်ဖန်တီးမှု အရသာများပါရှိသည့် အနုပညာပညာရှင်များကို ပျိုးထောင်ပေးရန် အာရုံစိုက်ထားသည်။ ထို့ကြောင့် အနုပညာနှင့် စာပေ ချိတ်ဆက်ခြင်း၊ အနုပညာနှင့် သိပ္ပံရောနှောခြင်း၊ အနုပညာနှင့် အင်ဂျင်နီယာမျှတခြင်း၊ ရိုးရာနှင့် ခေတ်သစ်ဆိုင်ရာ ပေါင်းစည်းခြင်း၊ သီအိုရီနှင့် လက်တွေ့ကျကျ ပေါင်းစပ်ခြင်းတို့ဖြင့် အနုပညာ ပညာရေး စနစ်၏ ဖွဲ့စည်းမှုပုံစံကိုဖော်ဆောင်လာပြီဖြစ်သည်။