
https://zyhjcl.gxu.edu.cn/English.htm
အရင်းအမြစ်၊ ပတ်ဝန်းကျင်နှင့် ဒြပ်ပစ္စည်းဆိုင်ရာကျောင်း (School of Resources, Environment and Materials ) ကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မူလကျောင်း ၃ ကျောင်း ဖြစ်သည့် အရင်းအမြစ်နှင့် သတ္တုဗေဒကျောင်း (School of Resources and Metallurgy)၊ ပတ်ဝန်းကျင်ကျောင်း (School of Environment)နှင့် ဒြပ်ပစ္စည်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာကျောင်း (School of Materials Science and Engineering) တို့ကို ပေါင်းစပ်တည်ထောင်ထားခြင်း ဖြစ်သည်။ “နှစ်ထပ်ကွမ်း ပထမတန်းစား" ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမြင်သစ် သို့မဟုတ် ချဉ်းကပ်မှုအသစ်တစ်ခုဖန်တီးရန် ပညာရေးဆိုင်ရာပညာရပ်များ အားကောင်းစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုနှစ် နိုဝင်ဘာလတွင် သစ်တောကျောင်းမှ သစ်သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ် (Wood Science and Engineering) ကိုလည်း အဆိုပါကျောင်းသစ်တွင် ထည့်သွင်းခဲ့သည်။ လက်ရှိတွင် အရင်းအမြစ်ဆိုင်ရာ၊ ပတ်ဝန်းကျင်နှင့် ဒြပ်ပစ္စည်းဆိုင်ရာကျောင်း (School of Resources, Environment and Materials) တွင် ပထမအဆင့် ဘာသာရပ် ၃ ခုနှင့် ဘွဲ့ကြိုမေဂျာ ၅ ခု ရှိပါသည်။
ကွမ်းရှီးဒေသသည် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး လှပသောရှုခင်းများအပြင် အရည်အချင်း ပြည့်ဝသောလူရည်ချွန်များလည်း ပေါ်ထွက်လျက်ရှိသည်။ "တရုတ်နိုင်ငံကိုကာကွယ်ပြီး ကွမ်ရှီးဖွံ့ဖြိုးတိုးတက်ရေး" နှင့် "လုံ့လဝီရိယ၊ ရိုးသားမှု၊ သင်ယူမှုနှင့် ဆန်းသစ်တီထွင်မှု" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသည် ရှေ့ဆောင်လမ်းပြများ၏ ဆန္ဒနှင့် ဓလေ့ထုံးတမ်းများကို အမွေဆက်ခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအဆင့်ကျွမ်းကျင်ပညာရှင်များပေါ်ထွန်းလာရေး ပြုစုပျိုးထောင်ပေးရန် သန္နိဋ္ဌာန်ချထားပါသည်။
၁၉၂၈ ခုနှစ်မှ စတင်ခဲ့သော ရှည်လျားသည့် သမိုင်းကြောင်းရှိသော ကျောင်းတော်ကြီးသည် ပြည်တွင်းမှ ပညာရှင်များဖြစ်ကြသည့် မာကျွင်းဝူ(Ma Junwu)၊ လီစစ်ကွမ်(Li Siguang)၊ ဟဲကျဲ(He Jie)၊ ချိုင်ချန်ယွင်(Cai Chengyun)၊ ကျန်းကျန်ရွှမ်(Zheng Jianxuan)နှင့် ဝမ်ကျန်းရှင်း(Wang Zhanxin)တို့က သက်ဆိုင်ရာကျွမ်းကျင်ဘာသာရပ်များနှင့် သိပ္ပံနည်းကျသုတေသနကို ကွမ်ရှီးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြပြီး ကျောင်း၏ စည်းကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချကာ နိုင်ငံနှင့် ကွမ်ရှီးပြည်နယ်အတွက် ပရော်ဖက်ရှင်နယ်နှင့် နည်းပညာဆိုင်ရာပုဂ္ဂိုလ်အများအပြားကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ယခုအခါ ကျောင်းသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာရေးကို ပေါင်းစပ်ထားသည့် သင်ကြားရေးနှင့် သုတေသနအဖွဲ့အစည်း တစ်ခုအဖြစ်ဖွံ့ဖြိုးလာခဲ့ပြီဖြစ်ပါသည်။ ဆရာ၊ ဆရာမများအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုများဖြင့် ဒြပ်ပစ္စည်းဆိုင်ရာသိပ္ပံစည်းမျဉ်း (Materials Science Disciplines) သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ESI ဘာသာရပ်များ၏ ထိပ်တန်း ၁% သို့ ဝင်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်/ ဂေဟဗေဒစည်းမျဉ်း (Environmental/Ecology Disciplines) သည် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ESI စည်းမျဉ်းများ၏ ထိပ်တန်း ၁% သို့ ဝင်ရောက်ခဲ့သည်။
လက်ရှိတွင် အချိန်ပြည့်ဆရာ ၁၂၅ ဦးအပါအဝင် ဝန်ထမ်း ၁၆၇ ဦးရှိသည်။ ၎င်းတို့အနက် ပါမောက္ခ ၃၉ ဦးနှင့် အခြား အကြီးတန်းပါမောက္ခများအပြင် တွဲဖက်ပါမောက္ခ ၃၄ ဦးနှင့် အခြား တွဲဖက်အကြီးတန်းပါမောက္ခများ ပါဝင်သည်။ ကျောင်းတွင် ပါရဂူဘွဲ့ရ ဆရာ ဆရာမ ၁၁၇ ဦး၊ ပါရဂူကြီးကြပ်ရေးမှူး ၂၆ ဦးနှင့် မဟာကြီးကြပ်ရေးမှူး ၁၁၉ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး နယ်ပယ်အသီးသီးတွင် သတ်မှတ်ထားသည့် အဆင့်မြင့်အရည်အချင်းအဆင့် ၁၉ ခုရှိပါသည်။ ကျောင်းတွင် ဘွဲ့ကြိုကျောင်းသား ၁၉၅၃ ဦး နှင့် ဘွဲ့ရကျောင်းသား ၁၁၀၃ ဦး အပါအဝင် အချိန်ပြည့် ကျောင်းသား စုစုပေါင်း ၃၀၅၆ ဦးရှိသည်။
လက်ရှိတွင် ဘွဲ့ကြိုဘာသာရပ်ငါးခုရှိပြီး သတ္တုအရင်းအမြစ်အင်ဂျင်နီယာဘာသာရပ် (Mineral Resource Engineering)၊ ပတ်ဝန်းကျင်အင်ဂျင်နီယာဘာသာရပ် (Environmental Engineering)၊ ဒြပ်ပစ္စည်းများ ဖွဲ့စည်းခြင်းနှင့် ထိန်းချုပ်မှုအင်ဂျင်နီယာဘာသာရပ် (Materials Forming and Control Engineering)၊ ဒြပ်ပစ္စည်း ဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ် (Materials Science and Engineering) နှင့် သစ်သိပ္ပံနှင့် အင်ဂျင်နီယာ ဘာသာရပ် (Wood Science and Engineering) တို့ ဖြစ်သည်။ သတ္တုတွင်းအင်ဂျင်နီယာ (Mining Engineering)၊ ပတ်ဝန်းကျင်သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ (Environmental Science and Engineering)နှင့် ဒြပ်ပစ္စည်းဆိုင်ရာ သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ် (Materials Science and Engineering) မဟာဘွဲ့အစီအစဉ် ၃ ခုသည် ပထမအဆင့် ဘာသာရပ်များတွင်ပါဝင်သည်။ ဒြပ်ပစ္စည်းနှင့် ဓာတုဗေဒအင်ဂျင်နီယာဘာသာရပ် (Materials Engineering, Forestry Engineering) နှင့် အရင်းအမြစ်နှင့် ပတ်ဝန်းကျင် (Environmental Engineering, Mining Engineering) ဟူ၍ ပရော်ဖက်ရှင်နယ် မဟာဘွဲ့ အစီအစဉ် ၂ ခု ရှိပါသည်။ ဒြပ်ပစ္စည်းနှင့် ဓာတုဗေဒအင်ဂျင်နီယာဘာသာရပ် (Materials Science and Engineering) သည် ကွမ်ရှီးတက္ကသိုလ်ရှိ ပထမတန်းစား စည်းကမ်းတည်ဆောက်မှုစီမံကိန်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပထမတန်းစားစည်းကမ်း တည်ဆောက်မှု ပထမအသုတ်၏ နောက်ဆုံးအကဲဖြတ်မှုတွင် "A" အဆင့်ကို ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့ကျောင်းရှိ ဒြပ်ဝတ္ထုသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်၊ သတ္တုအရင်းအမြစ်အင်ဂျင်နီယာ၊ သစ်သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်ဝန်းကျင်အင်ဂျင်နီယာဘာသာရပ်တို့သည် အမျိုးသားအဆင့်ပထမတန်း အထူးဖွံ့ဖြိုးရေးနယ်ပယ်များ ဖြစ်သည်။ ဒြပ်ပစ္စည်းများဖွဲ့စည်းခြင်းနှင့် ထိန်းချုပ်မှုအင်ဂျင်နီယာဘာသာရပ် (Materials Forming and Control Engineering) သည် ကွမ်ရှီးတက္ကသိုလ်ရှိ ပထမတန်းဘွဲ့ကြိုအထူးပြုဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တစ်ခု ဖြစ်သည်။ သတ္တုအရင်းအမြစ်အင်ဂျင်နီယာ (Mineral Resource Engineering) နှင့် သစ်သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ် (Wood Science and Engineering) တို့သည် အမျိုးသားဝိသေသ အထူးပြုဘာသာရပ်များဖြစ်သည်။ ဒြပ်ပစ္စည်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်နှင့် သစ်သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်တို့သည် နိုင်ငံတော်ဘက်စုံပြုပြင်ပြောင်းလဲရေး ရှေ့ပြေးအထူးပြု ဘာသာရပ်များဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ်နှင့် Environmental Engineering နှင့် ဒြပ်ပစ္စည်းဆိုင်ရာသိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ် (Materials Science and Engineering) ဘာသာရပ်နှစ်ခုလုံးကို ပညာရေးဝန်ကြီးဌာန၏ “အင်ဂျင်နီယာပညာရပ်နှင့် အထူးလေ့ကျင့်ရေးအစီအစဉ် (Excellent Engineer Education and Training Program)" အဖြစ် ရွေးချယ်ထားပါသည်။
ကျောင်းသည် သိပ္ပံနည်းကျသုတေသနကို အလေးပေးသည့်အပြင် သုတေသနကိုပညာရေးနှင့်ပေါင်းစပ်ပြီး အရည်အချင်းများကို ပြုစုပျိုးထောင်ကာ အဆင့်မြင့်သိပ္ပံနည်းကျသုတေသနနှင့် သင်ကြားရေး ပလက်ဖောင်းများနှင့် နည်းပညာဆိုင်ရာ အသုံးချပလက်ဖောင်းများစွာကို တည်ထောင်ထားသည်။ ၎င်းတို့အနက် ပြည်နယ်နှင့် ဝန်ကြီးဌာနမှ ပူးပေါင်းတည်ထောင်ထားသော အမျိုးသားဓာတ်ခွဲခန်းတစ်ခု၊ ပညာရေးဝန်ကြီးဌာန၏ အဓိကဓာတ်ခွဲခန်းတစ်ခု၊ ကွမ်ရှီးပြည်နယ်အဓိကသုတေသနပလက်ဖောင်းနှစ်ခု၊ ကွမ်ရှီးဆန်းသစ်တီထွင်မှု စင်တာနှစ်ခု၊ ကွမ်ရှီးတက္ကသိုလ် အဓိကဓာတ်ခွဲခန်း ၃ ခုနှင့် အခြားများစွာသော သုတေသနအဖွဲ့အစည်းများ ပါဝင်သည်။
သုတေသန ပလပ်ဖောင်းများစာရင်း
အမည် |
အမျိုးအစား |
ဌာနခွင့်ပြုချက် |
ရက်စွဲ |
ပြည်နယ်နှင့် ဝန်ကြီးဌာနတို့မှ ပူးပေါင်းတည်ထောင်ထားသော သတ္တုပစ္စည်းများနှင့် ပေါင်းစပ်ဖွဲ့စည်းပုံများ ပြည်နယ်အဆင့်အဓိက ဓာတ်ခွဲခန်း |
ပြည်နယ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းတည်ထောင်ထားသော အမျိုးသားဓာတ်ခွဲခန်း |
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန
|
၂၀၂၂ |
သံမဟုတ်သောသတ္တုနှင့်ဒြပ်ပစ္စည်း ထုတ်ယူခြင်းနည်းပညာသစ်ဓာတ်ခွဲခန်း |
ပညာရေးဝန်ကြီးဌာနအဓိကဓာတ်ခွဲခန်း |
ပညာရေးဝန်ကြီးဌာန |
၂၀၀၃ |
သံမဟုတ်သောာ သတ္တုနှင့် လက္ခဏာရပ်ဆိုင်ရာ ပစ္စည်းများကို အဓိကလုပ်ဆောင်နေသည့် ဓာတ်ခွဲခန်းအတွက် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုအခြေစိုက်စခန်း (ကွမ်ရှီး) |
ကွမ်ရှီးသိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုအခြေစိုက်စခန်း |
ကွမ်ရှီးသိပ္ပံနှင့် နည်းပညာဌာန |
၂၀၁၇ |
သတ္တုမဟုတ်သော သတ္တုနှင့် ဒြပ်ပစ္စည်းများလက္ခဏာရပ်ဆိုင်ရာ အဓိကဓာတ်ခွဲခန်း(ကွမ်ရှီး) |
ကွမ်ရှီးအဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးသိပ္ပံနှင့် နည်းပညာဌာန |
၂၀၀၅ |
ဂေဟဗေဒ အလူမီနီယမ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်သော ဆန်းသစ်တီထွင်မှုစင်တာ(ကွမ်ရှီး)
|
၂၀၁၁ ခုနှစ် ပူးပေါင်းတီထွင်ဆန်းသစ်မှုစင်တာ၊ ကွမ်ရှီး |
ကွမ်ရှီးပညာရေး ဌာန |
၂၀၁၃ |
ဇီဝလောင်စာစွန့်ပစ်ပစ္စည်းများမှ အရည်အသွေးမြင့် ဖွဲ့စည်းတည်ဆောက်ပုံအပြားများ ပြင်ဆင်ခြင်းအတွက် အင်ဂျင်နီယာနည်းပညာသုတေသနစင်တာ(ကွမ်ရှီး) |
ကွမ်ရှီးအင်ဂျင်နီယာ နည်းပညာသုတေသနစင်တာ |
ကွမ်ရှီးအင်ဂျင်နီယာ နည်းပညာဌာန |
၂၀၁၃ |
ကွမ်ရှီးဒေသတက္ကသိုလ်များ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးဒေသတက္ကသိုလ်များ အဓိကဓာတ်ခွဲခန်း
|
ကွမ်ရှီးပညာရေး ဌာန |
၂၀၁၄ |
ကွမ်ရှီးဒေသတက္ကသိုလ်များ ဒြပ်ပစ္စည်းသစ်များအတွက် အဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးဒေသတက္ကသိုလ်များ အဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးပညာရေး ဌာန |
၂၀၁၄ |
ကွမ်ရှီးဒေသတက္ကသိုလ်များ သတ္တုအင်ဂျင်နီယာ အဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးဒေသတက္ကသိုလ်များ အဓိကဓာတ်ခွဲခန်း |
ကွမ်ရှီးပညာရေး ဌာန |
၂၀၁၄ |
ကျောင်းသည် လွန်ခဲ့သည့်နှစ်များတစ်လျှောက် ကွမ်ရှီး၏ ဝိသေသအရင်းအမြစ်များနှင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သိပ္ပံနည်းကျသုတေသနပြုလုပ်ရန် အာရုံစိုက်ခဲ့ပြီး ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်သည်။ Guangxi Science and Technology Progress Special Contribution Award နှင့် Guangxi Natural Science First Prize ကဲ့သို့သော အရေးကြီးသော သိပ္ပံနှင့်နည်းပညာဆိုင်ရာဆုများ ဆက်တိုက်ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံတွင်းနှင့် ပြည်နယ်ဆိုင်ရာ အဓိက သိပ္ပံဆိုင်ရာ သုတေသန ပရောဂျက်များစွာကိုလည်း ဆောင်ရွက်ခဲ့ပြီး ပြီးမြောက်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်းတွင် ရန်ပုံငွေ ယွမ်သန်း ၂၆၀ ဖြင့် သုတေသနပရောဂျက်အသစ် ၄၉၈ ခုကို ထည့်သွင်းခဲ့သည်။ ရန်ပုံငွေ ယွမ် ၄၀ ဒသမ ၂၇၂ သန်းဖြင့် နိုင်ငံတော်အဆင့် စီမံကိန်း ၈၁ ခုနှင့် ပြည်နယ်အဆင့် စီမံကိန်း ၁၂၄ ခု ရှိပြီး ရန်ပုံငွေ ယွမ် သန်း ၁၄၀ ရှိသည်။ ထို့အပြင် အမျိုးသားအဆင့် အဓိက R&D ပရောဂျက်အသစ် ၄ ခုနှင့် အမျိုးသား သဘာဝသိပ္ပံအခြေခံ ပရောဂျက် ၇၇ ခုကိုလည်း ထည့်သွင်းထားသည်။ ကွမ်ရှီးဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သောဖွံ့ဖြိုးရေးစီမံကိန်း (Guangxi innovation-driven development projects) အသစ် ၂၈ ခု၊ အဓိက R&D အစီအစဉ် ၉ ခု၊ ကွမ်ရှီးသဘာဝသိပ္ပံအခြေခံစီမံကိန်း ၆၃ ခု၊ ကွမ်ရှီးသိပ္ပံနှင့်နည်းပညာအခြေခံနှင့် စွမ်းရည်စီမံကိန်း ၁၆ ခုနှင့် အခြားစီမံကိန်း ၈ ခုလည်း ရှိပါသည်။ Nature Communications နှင့် Nano Energy ကဲ့သို့သော အဆင့်မြင့်ပညာရပ်ဆိုင်ရာဂျာနယ်များတွင် ထုတ်ဝေသည့် သုတေသနစာတမ်း ၁၆၇ စောင်အပါအဝင် ပညာရပ်ဆိုင်ရာစာတမ်းပေါင်း ၁၅၈၂ စောင်နှင့် စာအုပ် အမျိုးအစားပေါင်း ၂၁ အုပ် ထုတ်ဝေခဲ့သည်။ တီထွင်မှုမူပိုင်ခွင့် ၂၁၃ ခုကို လွှဲပြောင်းပေးခဲ့ပြီး မူပိုင်ခွင့် ၁၃ ခုဖြင့် စုစုပေါင်း ယွမ် ၅.၈၂၈ သန်း ရရှိခဲ့သည်။ ပြည်နယ်အဆင့် သုတေသနဆု ၁၂ ဆု အပါအဝင် မတူညီသော သိပ္ပံနှင့် နည်းပညာဆု ၁၆ ခု ရရှိခဲ့သည်။
ကျောင်းနှင့် ၎င်း၏ အဓိကဓာတ်ခွဲခန်းများ ဆောက်လုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဆင့်တိုင်းရှိ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများ၏ပံ့ပိုးမှုနှင့် အာရုံစိုက်မှုကိုရရှိခဲ့သည်။ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် ဝမ်ယန်း(Wang Yang)၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ ဥက္ကဋ္ဌနှင့် ပါတီအတွင်းရေးမှူး ဟန်ချီတဲ(Han Qide)၊ တရုတ်သိပ္ပံအကယ်ဒမီမှ ပညာရှင်ဖြစ်ပြီး CPPCC ၏ ၁၂ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဟွမ်ဝေ(Huang Wei)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဟောင်း လျိုရှောင်မင်(Liu Xiaoming)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး ဟွမ်ကျွင်းဟွား(Huang Junhua )နှင့် ရွှီရှန်းဟွေ(Xu Xianhui)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ လေချောင်းကျစ်(Lei Chaozi)၊ ပညာရေးဝန်ကြီးဌာန သိပ္ပံနည်းပညာနှင့် ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖန်းဟိုင်လင်(Fan Hailin)၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် လီကော်ကျုံး(Li Guozhong)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သိပ္ပံနှင့် နည်းပညာနှင့် ပါတီအတွင်းရေးမှူးများဖြစ်သော ကျားရှင်းချောင်(Jia Xingchao)၊ လီခဲချွမ်း(Li Kechun)နှင့် ထန်ရှန်းလိုင်(Tang Xianlai)တို့အပြင် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သိပ္ပနှင့်နည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးချုပ်များသည် ကျောင်းသို့ လာရောက်လေ့လာခဲ့ပြီး အဆင့်မြင့်သိပ္ပံသုတေသနပြုခြင်းဆိုင်ရာပလက်ဖောင်းတည်ဆောက်ခြင်းအတွက် အဆင့်မြင့် သိပ္ပံနည်းကျ သုတေသနပလက်ဖောင်းတစ်ခု တည်ဆောက်ပြီး အရည်အချင်းများကို ဆွဲဆောင်နိုင်ရန်၊ အောင်မြင်မှုများကိုအသွင်ပြောင်းကာ သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ဆောင်မှုများကို ပံ့ပိုးမြှင့်တင်ပေးခြင်းနှင့်အတူ ကျောင်းအား လမ်းညွှန်မှုနှင့် အားပေးထောက်ပံ့မှုများပြုလုပ်ခဲ့သည်။
ကျောင်းသည် ကိုယ်ကျင့်တရားဆိုင်ရာသည် ပညာရေးတွင် အလွန်အရေးပါပြီး ကျောင်းသားများ၏ လူမှုရေးတာဝန်ယူမှုနှင့် စုပေါင်းစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးသည်။ ပါတီနှင့် နိုင်ငံအတွက် အရည်အချင်းများ ပြုစုပျိုးထောင်ရေးအခြေခံမူများကို လိုက်နာပြီး ကျောင်းသားများအား လူမှုရေးအလေ့အကျင့်များ၊ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများနှင့် ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ရန် တွန်းအားပေးလမ်းညွှန်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်း ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ကျောင်းတွင်းကျောင်းပြင်ပ၌ ချီးကျူးမှုများပြုခံရပြီး နွေဦးကျောင်းသားအဖွဲ့အစည်း (Student Spring Society) သည် နန်နင်းတွင် "ထူးချွန်လူငယ်စေတနာ့ဝန်ထမ်းဝန်ဆောင်မှုအဖွဲ့" ဆုချီးမြှင့်ခံခဲ့ရပြီး ၎င်းကျောင်းသား စေတနာ့ဝန်ထမ်းအဖွဲ့သည် နန်နင်းတွင် "အစိုးရပံ့ပိုးသောစေတနာ့ဝန်ထမ်းဝန်ဆောင်မှု စီမံကိန်းများအတွက် အကောင်းဆုံးလုပ်ဆောင်မှုဆု" ကို ရရှိခဲ့သည်။ ကျောင်းသည် အလေ့အကျင့်ကို တွန်းအားပေးပြီး လေ့လာသင်ယူထားသည်များကို လက်တွေ့ကျင့်သုံးရန် အလေးပေးသည်။ ပညာရေးပြိုင်ပွဲများတွင် ပါဝင်ရန် ကျောင်းသားများကို တက်ကြွစွာ စီစဉ်ပေးသည်။ ကျောင်းသည် တရုတ်-နိုင်ငံတကာ ကျောင်းသားများ၏ “Internet Plus” ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ (China International "Internet Plus" School Students' Innovation and Entrepreneurship Competition)၊ "စိန်ခေါ်မှုဖလား" အမျိုးသားကျောင်း ကျောင်းသားများ၏ သင်ရိုးညွှန်းတမ်းနှင့် သိပ္ပံပညာဆိုင်ရာ အလုပ်များပြိုင်ပွဲ ("Challenge Cup" National School Students' Extracurricular Academic and Scientific Works Competition) နှင့် အမျိုးသားကျောင်း ကျောင်းသားများ၏ သတ္တုဗေဒဆိုင်ရာစွမ်းရည်ပြိုင်ပွဲ (National School Students' Metallographic) စသည့် ပြိုင်ပွဲများတွင် ကျောင်းသည် ထူးထူးခြားခြား ရလဒ်များ ရရှိခဲ့ပါသည်။ ကျွမ်းကျင်မှုပြိုင်ပွဲ။ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် တွင် ကျောင်းအဖွဲ့သည် ၇ ကြိမ်မြောက်နှင့် ၈ ကြိမ်မြောက် တရုတ်-နိုင်ငံတကာ ကျောင်းသားများ၏ “Internet Plus” ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ (China International "Internet Plus" School Students' Innovation and Entrepreneurship Competition) နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ရွှေတံဆိပ်ရရှိခဲ့သည်။
ကျောင်းသည် ကွမ်ရှီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ပြီး ဒြပ်ပစ္စည်းများ၊ သတ္တုတူးဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် မော်တော်ယာဥ်များကဲ့သို့သော ကွမ်ရှီးရှိ ဆက်စပ်စက်မှုလုပ်ငန်းများမှ အဓိကရင်ဆိုင်နေရသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများအား ပံ့ပိုးကူညီရန် ကတိကဝတ်ပြုထားပါသည်။ စီးပွားရေးမဏ္ဍိုင် လုပ်ငန်းမြောက်မြားစွာနှင့် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များအဖြစ်ထူထောင်ထားပြီး လက်ရှိတွင် သတ္တုတွင်း၊ သတ္တုဗေဒ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ရေပေးဝေရေး၊ အလူမီနီယံ၊ သံမဏိ၊ သတ္တုတူးဖော်ရေး၊ ဘိလပ်မြေ အဆောက်အဦ၊ ပစ္စည်းများ၊ စက်ပိုင်းဆိုင်ရာသွန်းလုပ်ခြင်း၊ မော်တော်ယာဥ်၊ စွမ်းအင်အသစ်၊ ပစ္စည်းအသစ်များနှင့် သစ်လုပ်ငန်းဆိုင်ရာ စသည့်နယ်ပယ်များတွင် စက်မှု-တက္ကသိုလ်- သုတေသန ပူးပေါင်းဆောင်ရွက်မှု ပုံစံအမျိုးမျိုးကိုလည်း တည်ထောင်ထားသည်။ ၎င်းအပြင်လုပ်ငန်းများ အဓိကရင်ဆိုင်နေရသော နည်းပညာအခက်အခဲများကို ဖြေရှင်းရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ အောင်မြင်မှုများ အသွင်ကူးပြောင်းရေးကို မြှင့်တင်ပေးခဲ့ပါသည်။ ထို့အတွက် ဒေသန္တရစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ထမ်းဆောင်နိုင်မှု အားကောင်းလာပြီး ဒေသတွင်းစီးပွားရေးကို ဆောင်ရွက်ပေးရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
ကျွန်ုပ်တို့ကျောင်းအနေဖြင့် အခြေခံသုတေသနကို အလေးပေးသည့်အပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နယ်နိမိတ်များကို အာရုံစိုက်ကာ ကွမ်ရှီး၏လိုအပ်ချက်များနှင့် ပေါင်းစပ်ကာ အဆင့်မြင့်သိပ္ပံသုတေသနများကို လုပ်ဆောင်မှုများကြောင့် ကွမ်ရှီးတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားအသစ်များကို စဉ်ဆက်မပြတ်ပံ့ပိုးပေးပါသည်။ မကြာသေးမီနှစ်များအတွင်း ကျောင်းသည် စွမ်းအင်သုံးပစ္စည်းများနှင့် စက်ပစ္စည်းအသစ်များ၊ အဆင့်မြင့် optoelectronic ပစ္စည်းများနှင့် စက်ပစ္စည်းများ၊ သန့်ရှင်းစင်ကြယ်သော အထူးသတ္တုထုတ်ယူမှု၊ အထူးသတ္တုဓာတ်ခွဲထုတ်ခြင်းသီအိုရီနှင့် ဖော်မြူလာများ၊ သတ္တုစပ်အဆင့် ပုံကြမ်းများ၊ ဇီဝလောင်စာပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချနည်းပညာဆိုင်ရာ နယ်ပယ်များတွင် စူးစမ်းလေ့လာခဲ့သည်။ ကျောင်းမှပညာရှင်များသည် အဆင့်မြင့်သုတေသနစာတမ်းအများအပြားကို ထုတ်ဝေခဲ့ပြီး မူပိုင်ခွင့်အများအပြားရရှိကာ သိပ္ပံနည်းကျနှင့်နည်းပညာဆိုင်ရာ အသုံးချမှုရလဒ်များကို တစ်သုတ်စီထုတ်ပေးနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်နှင့် နည်းပညာဆိုင်ရာ ကျောရိုးစွမ်းရည်အများအပြားကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
ကျောင်းသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကာ အာဆီယံဒေသတွင်းနှင့် ပြည်ပမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို တက်ကြွစွာ ရှာဖွေလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာပညာရပ်ဆိုင်ရာ ကွန်ဖရင့်အများအပြားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ စင်ကာပူ၊ ထိုင်းနှင့် အခြားနိုင်ငံများရှိ အထက်တန်းကျောင်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးတွဲလေ့ကျင့်ရေးနှင့် ပညာရေးဖလှယ်ဆက်ဆံရေးကိုထူထောင်ခဲ့သည်။ ကျောင်းမှ ပညာတော်သင်များသည် အဆင့်မြင့်သုတေသန စာတမ်း ၇၀ ကျော်တွင် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာပညာရပ်ဆိုင်ရာ ပညာရေးဆိုင်ရာလွှမ်းမိုးမှုကို မြှင့်တင်ပေးခဲ့သည်။
နိုင်ငံတော်သာယာဝပြောရေးနှင့် အားသစ်လောင်းခြင်းလမ်းခရီးသည် နေ့ချင်းညချင်း မအောင်မြင်နိုင်ပါ။ ကွမ်ရှီး ဒြပ်ပစ္စည်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာကျောင်းမှ (Guangxi University School of Materials and Environmental Engineering) မှ ဆရာများနှင့် ကျောင်းသားများသည် "သီလနှင့် အသိပညာကို ပြုစုပျိုးထောင်ပြီး ထူးချွန်အောင် ကြိုးပမ်းခြင်း" ၏ ပထမတန်းစားစိတ်ဓာတ်ကို လက်ကိုင်ထားပြီးမည်ဖြစ်ပြီး သည်။ ကျောင်းသည် ပင်ကိုယ်စွမ်းရည်များကို ပြုစုပျိုးထောင်ခြင်း၊ ရှေ့သို့တိုးခြင်း၊ စည်းလုံးညီညွတ်မှုနှင့် ကြိုးစားအားထုတ်မှုဆိုင်ရာ အခြေခံမူများကိုလိုက်နာပြီး ပညာရေးအရည်အသွေးမြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
လိပ်စာ- အမှတ် ၁၀၀ တက္ကသိုလ်လမ်း၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
Postal Code: 530004
Phone: 0771-3232200
Fax: 0771-3232200
(Data updated as of March 2023)