ကျောင်းများ
ဥပဒေကျောင်း

https://fxy.gxu.edu.cn/en/Home.htm

ကွမ်ရှီးတက္ကသိုလ်၏ ယခုဥပဒေကျောင်းသည် ယခင် ကွမ်ရှီးတက္ကသိုလ်၏ လစ်ဘရယ်အနုပညာနှင့် ဥပဒေကျောင်း၏ ဥပဒေဌာန ဖြစ်သည်။ ဤကျောင်းကို ၁၉၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းသားများကို စတင်စာရင်းသွင်းခဲ့ပါသည်။ ၎င်းကို ကွေ့လင်မြို့(Guilin)၊ လီဇေယွမ်(Liziyuan) နှင့် လောင်ဖန်း ရှီးလင် ပန်းခြံ(Liangfeng Xilin) Park တွင် တည်ရှိသည်။ ၁၉၄၁ ခုနှစ်တွင် ဥပဒေဌာနကို ယခင် အမျိုးသားကွမ်ရှီးတက္ကသိုလ်၏ ယခင် ဥပဒေ စီးပွားရေး ကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်များ ပြန်လည်ဖွဲ့စည်းမှုကြောင့် ကွမ်ရှီးတက္ကသိုလ် ဥပဒေဌာနမှ ဆရာများနှင့် ကျောင်းသားများကို တရုတ် နိုင်ငံ အလယ်ပိုင်း နိုင်ငံရေးနှင့် ဥပဒေတက္ကသိုလ် (ယခု တရုတ်နိုင်ငံအလယ်ပိုင်း စီးပွားရေးနှင့်ဥပဒေတက္ကသိုလ်) အဖြစ် ပေါင်းစည်းခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ကွမ်ရှီး ကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပြည်သူ့အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကွမ်ရှီးတက္ကသိုလ် ဥပဒေဌာန သည် တရားဝင် ပြန်လည် စတင်ခဲ့ပါသည်။ ၎င်းသည် ထိုနှစ်တွင် ဘွဲ့ကြိုကျောင်းသားများကို စတင်စာရင်းသွင်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် မဟာဘွဲ့ ကျောင်းသားများကို စတင်လက်ခံ ခဲ့သည်။ ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကွမ်ရှီးတက္ကသိုလ် ၏ ဥပဒေကျောင်းကို တရားဝင်တည်ထောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ကျောင်းကို Yulin အဆောက်အဦ နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ကျောင်းသည် ပထမအဆင့် ဥပဒေဘာသာရပ်များတွင် မဟာဘွဲ့များ အပ်နှင်းခွင့်နှင့် LL.M ဘွဲ့ဒီဂရီ ကို အပ်နှင်းပိုင်ခွင့် ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ပထမအသုတ် အသုံးချနှင့် ပေါင်းစပ်ဥပဒေဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး လေ့ကျင့်ရေးစခန်းများတွင် ထည့်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ "လစ်ဘရယ်အနုပညာသစ်" ပရောဂျက်များ၏ ပထမအသုတ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ ဥပဒေမေဂျာကို ၂၀၁၉ ခုနှစ်တွင် အမျိုးသား ပထမတန်း ဘွဲ့ကြို အဓိက ဖွံ့ဖြိုးတိုးတက်မှု ပွိုင့် အဖြစ် စာရင်းသွင်းခဲ့သည်။

ကျောင်းတွင် အချိန်ပြည့်ဆရာ ၄၁ ဦး၊ ဘွဲ့ကြိုကျောင်းသား ၆၄၈ ဦးနှင့် မဟာဘွဲ့ ကျောင်းသား ၅၆၇ ဦး ရှိသည်။ လက်ရှိတွင် ကျောင်းတွင် အဓိကကျသော သုတေသန ပလက်ဖောင်း (၃) ခုရှိပြီး၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဓိက အခြေခံ လူ့ပညာနှင့် လူမှုရေးသိပ္ပံ၊ ကွမ်ရှီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ၏ ဥပဒေပြုအခြေခံ နှင့် ကွမ်ရှီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ရေးရာဆိုင်ရာ သီအိုရီ သုတေသန အခြေစိုက်စခန်းတို့ရှိပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း အမျိုးသား လူမှုရေး သိပ္ပံ ဖောင်ဒေးရှင်း၊ တရုတ် ဥပဒေ အသင်း၊ ပညာရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီး ဌာနနှင့် ကွမ်ရှီး ဒဿနိကဗေဒနှင့် လူမှုရေးသိပ္ပံတို့၏ အဓိက ပရောဂျက်များ ကဲ့သို့သော ပြည်နယ်နှင့် ဝန်ကြီးဌာနဆိုင်ရာ ပရောဂျက် ၃၆ ခုကို ဆောင်ရွက် ခဲ့ပါသည်။ ကျောင်းမှ ပညာတော်သင်များ သည် "တရုတ်လူမှုရေးသိပ္ပံ"   နှင့် ဥပဒေဂျာနယ်များတွင် ပညာရပ်ဆိုင်ရာ စာတမ်းပေါင်း ၄၀ ကျော်ကို ထုတ်ဝေခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ အတွင်း ကျောင်းသည် ဘွဲ့နှင့် မဟာဘွဲ့ရ ၇,၅၀၀ ကျော်ကို မွေးဖွားပေးခဲ့ပြီး ကျောင်းသားဟောင်းများ အများအပြားသည် ဥပဒေကျင့်ထုံးနှင့် ဥပဒေပညာ နယ်ပယ်တွင် လုပ်ကိုင်ကြပြီး အချို့မှာ တရားရေးနယ်ပယ်တွင် ထိပ်တန်းပညာရှင်များ ဖြစ်လာကြသည်။

မကြာသေးမီနှစ်များတွင်၊ ကျောင်းသည် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ရှီကျင့်ဖျင်(Xi Jinping) အတွေးအခေါ် ကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ခဲ့ပြီး၊ တက္ကသိုလ် ပညာရပ် သင်ကြားမှု လမ်းကြောင်းကို တိုးတက်အောင်ပြုလုပ်ကာ၊ နိုင်ငံတကာ ဆိုင်ရာ တရားဥပဒေ ကျွမ်းကျင် ပညာရှင်များကို အဆင့်မြင့် သင်ကြား ပြင်ဆင်ရေး လုပ်ငန်းကို ရှာဖွေ ကျင့်သုံးခဲ့ပါသည်။ ထို့အတူ ‘အာဆီယံ ဆိုင်ရာ အဆင့်မြင့် ဥပဒေ ကျွမ်းကျင်သူ၊ သင်ကြားရေးဆိုင်ရာ လက်တွေ့လေ့လာမှုနှင့် သီအိုရီ ဆန်းသစ်မှု’ စီမံကိန်းသည် နယ်ပယ်အလိုက် သင်ကြားရေးဆိုင်ရာ ထူးချွန်ဆု၏ ပထမဆု ကိုရရှိခဲ့ပြီး၊ ကျွမ်းကျင်သူ သင်ကြားရေး အရည်အသွေးမှာ လတ်တလော တိုးတက်ပြောင်းလဲလာပါသည်။

ကျောင်းသည် တရားဥပဒေစိုးမိုးရေးကိုမြှင့်တင်ရန်အတွက် အမျိုးသားနှင့် ဒေသဆိုင်ရာ အတွေးအခေါ်ကဏ္ဍ ၏အခန်းကဏ္ဍကို အမြဲတမ်း အရေးကြီးစွာသတ်မှတ်ထားပြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ဒေသဆိုင်ရာ ဥပဒေပြုလေ့လာမှုနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုများတွင် နက်ရှိုင်းစွာပါဝင်ခဲ့ပါသည်။ ထို့အပြင် “အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု၊ လွတ်လပ်ကုန်သွယ်ဇုန်များ၏ ဥပဒေစနစ်ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ထိပ်သီးညီလာခံ” ကိုကျင်းပခဲ့ပါသည်။ အဆိုပါ လုပ်ဆောင်မှုများ အားလုံးသည် တရုတ်နိုင်ငံ၏ “Belt and Road Initiative (BRI) ကိုပံ့ပိုးကာ တရုတ်၏စုံလင်သောတရားဥပဒေစနစ်ကို မြှင့်တင်လျက်ရှိပါသည်။