GXU နှင့် ထိုင်းနိုင်ငံ ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပရိုဂရမ်စီမံခန့်ခွဲမှုယူနစ်(PMU A-Thailand) မှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး သုတေသန ကိုယ်စားလှယ်အဖွဲ့ အကြား အင်တာနက် ဆွေးနွေးပွဲကို ကျင်းပ (၂၀၂၅-၀၃-၀၆)

 မတ်လ (၄)ရက်နေ့တွင် ကွမ်ရှီးတက္ကသိုလ်သည် ထိုင်းနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သုတေသနတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်မည့် ထိုင်းနိုင်ငံ ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပရိုဂရမ်စီမံခန့်ခွဲမှုယူနစ်(PMU A-Thailand) မှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး သုတေသန ကိုယ်စားလှယ်အဖွဲ့နှင့် အင်တာနက် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့သည်။အဆိုပါ အင်တာနက် ဆွေးနွေးပွဲကို ကွမ်ရှီးတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(ဝါ)ဒုတိယကျောင်းအုပ်ကြီး ဖြစ်သူ Prof. Dr. Xiao Jianzhuang မှ အွန်လိုင်းမှဦးစီးကျင်းပခဲ့သည်။

Prof. Dr. Xiao  မှ နှစ်ဦးနှစ်ဖက် အပြန်အလှန် တွေ့ဆုံမှုများနှင့် သုတေသန လှုပ်ရှားမှုများ အပါအဝင် ၂၀၂၄ ခုနှစ်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အတိုင်း လုပ်ဆောင်ခဲ့သည့် ပူးပေါင်းအောင်မြင်မှုများကို ပြန်လည်သုံးသပ်ခဲ့သည်။ထို့အပြင် ကွမ်ရှီးတက္ကသိုလ်သည် တရုတ်-အာဆီယံ ဒေသဆိုင်ရာ သုတေသနဆိုင်ရာ အားသာချက်များကို အသုံးချ၍ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ကာလရှည်ကြာ အာရုံစိုက်ထားကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ထို့နောက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဝန်ထမ်းသင်တန်းများမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သုတေသနကို နှစ်ဖက်စလုံးက ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်

ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Asoke Ponbumrung သည် ထိုင်းနိုင်ငံ ဒေသအခြေပြုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပရိုဂရမ်စီမံခန့်ခွဲမှုယူနစ် (PMU A-Thailand) သည် Kalasin တက္ကသိုလ်, Prince of Songkla တက္ကသိုလ်, Thaksin တက္ကသိုလ်, Sakon Nakhon Rajabhat တက္ကသိုလ် တို့မှ သုတေသနအဖွဲ့များနှင့် ပူးပေါင်းကာ ကွမ်ရှီးတက္ကသိုလ်နှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး စင်တာ တည်ထောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ဤစင်တာသည် တရုတ်နိုင်ငံ၏ ခေတ်မီ သိပ္ပံနည်းပညာများနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွေ့အကြုံများကို ထိုင်းနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများတွင် အသုံးချမည်ဖြစ်ပြီး၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကဏ္ဍရေထွက်ပစ္စည်း လုပ်ငန်းကဏ္ဍ၊ သီးနှံရောဂါနှင့် ပိုးမွှားဒဏ်ကာကွယ်တိုက်ဖျက်ရေး၊ တရုတ်ရိုးရာ ဆေးဝါးထုတ်လုပ်မှုနှင့် ပြုပြင်ခြင်းနည်းပညာများကဲ့သို့သော ကဏ္ဍများကို အာရုံစိုက်မည်ဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်လာသူများသည် ကွမ်ရှီးတက္ကသိုလ်၏  ဘာသာရပ်ဆိုင်ရာ အားသာချက်များနှင့် ထိုင်းနိုင်ငံ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်မှု၏ နောက်တစ်ဆင့်နှင့် သီးခြား အကြောင်းအရာများကို ပူးတွဲဆုံးဖြတ်ခဲ့ကြသည်။

သိပ္ပံသုတေသနဌာန၊ ဘွဲ့လွန် ကျောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ရေးဌာန၊ စိုက်ပျိုးရေးကျောင်း၊ တိရစ္ဆာန်သိပ္ပံနှင့် နည်းပညာကျောင်း၊ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး စက်မှုဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန၊ တရုတ်-အာဆီယံ သုတေသနဌာန/ကွမ်ရှီး ဆန်းသစ်တီထွင်ဖွံ့ဖြိုးရေး သုတေသနဌာနမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည်။