"ကွမ်ရှီးကျွန်းလူမျိုး မတ်လသုံးရက် ပွဲတော်" GXU ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တိုင်းရင်းသား လူမျိုးများအကြား ညီညွတ်မှုကို တိုးတက်စေရန်နှင့် တရုတ်အမျိုးသားအဖွဲ့အစည်းအတွက် မျှဝေမှုရှိသော စည်းလုံးညီညွတ်မှုအသိုက်အဝန်းကြီးတစ်ခုကို ဖွဲ့စည်းရန် ဥက္ကဌ Xi Jinping ၏ ညွှန်ကြားချက်များအရ ကွမ်ရှီးဒေသ တွင် ကျွမ့် လူမျိုး၏ (တရုတ်လ)သုံးလသုံးရက်နေ့ (ကွမ်ရှီး ကျွမ့် လူမျိုး သုံးလသုံးရက် ပွဲတော်) ကို ဂုဏ်ပြုရန် ကွမ်ရှီးတက္ကသိုလ် (GXU) သည် မတ်လ ၂၃ ရက်နေ့တွင် ၁၁ ကြိမ်မြောက် လူမျိုးစုယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့သည်။ GXU ၏ပါတီကော်မတီ ဒုအတွင်းရေးမှူး ငင်းစုချူ (Ning Xuchu) သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပွဲကို တရားဝင်စတင်ကြောင်း ကြေညာခဲ့သည်။

ကျောင်းသားများသည် အရောင်စုံလင်စွာအလှဆင်ထားသော လူမျိုးစုဝတ်စုံများစွာဝတ်ဆင်ပြီး စည်းချက်ညီစွာ တိုင်းရင်းသား ဝါးအကကို ကခုန်ကြသည်။ ၎င်းက လူမျိုးစုယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို ဖော်ပြပေးသည်။ ခြင်္သေ့အကများနှင့် နဂါး အကများကို ပေါင်းစပ်ဖျော်ဖြေပေးခြင်းဖြင့် ပရိသတ်ထံမှ အားပေးမှုများကို ရရှိခဲ့သည်။ "Happiness Folk Song" သီချင်း၏ ရွှင်လန်းသောသံစဉ်ဖြင့် လူမျိုးစုဝတ်စုံများဝတ်ဆင်ထားသော ကျောင်းသား များရာနှင့်အတူ တစ်ပြိုင်နက်တည်းကကြသည်။ ၎င်းက မျိုးစုံယဉ်ကျေးမှုမှ စည်းလုံးညီညွှတ်မှုကို အသက်ဝင်အောင်ဖော်ပြပြီး လူမျိုးရေးညီညွတ်မှု၏ စွမ်းအားကိုကိုယ်စားပြုသည်။

ပွဲတော်တွင် ကွမ်ရှီးဒေသ၏ထင်ရှားသော ယဉ်ကျေးမှုအမှတ်အသားများဖြစ်သည့် မြားပစ်၊ မြင်းခြေတိုင်ပြိုင်ပွဲ၊ လွန်းပျံဘောကန်ပြိုင်ပွဲ၊ လူမျိုးစုဖက်ရှင်ပြပွဲများနှင့် ယဉ်ကျေးမှုပြပွဲများစသည်တို့ကျင်းပခဲ့သည်။ အနုပညာပြိုင်ပွဲများတွင် ကျောင်းသားလူငယ်များက ဝိုင်းဝန်းပါဝင်ကစားကြခြင်းကြောင့် ပွဲနေရာတစ်ခုလုံးသည် မြိုင်ဆိုင်နေ ခဲ့သည်။ ယဉ်ကျေးမှုပြသမှုဧရိယာများ၌ လူမျိုးစု၏ တန်ဖိုး မဖြစ်နိုင်သော လက်မှုပညာများသည် စွဲဆောင်ကာ၊ အရသာရှိသော ဒေသထွက်အစားအစာများက ပရိတ်သတ်ကို ဆွဲဆောင်သည်။ ပရိသတ်များသည် ပွဲတော်တွင် တက်ကြွစွာ ပါဝင်ဆွေးနွေးကြခြင်းကလည်း ပွဲတော်တစ်ခုလုံးကို လူမျိုးစုယဉ်ကျေးမှုစုံလင်သည့် အတွေ့အကြုံများဖြင့် ပြည့်စုံစေခဲ့သည်။

 

 

 

၁၁ နှစ်ဆက်တိုက် ကျင်းပလာသော GXU ၏ "ကွမ်ရှီး ကျွမ့် လူမျိုး သုံးလသုံးရက် ပွဲတော်" သည် အတွေ့အကြုံနှင့် ပြိုင်ဆိုင်မှု အစိတ်အပိုင်းများကို ပေါင်းစည်းကာ ကွမ်ရှီး တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို အမျိုးမျိုးသောနည်းလမ်းများဖြင့် ပြသပေးသည်။ ၎င်းပွဲတော်သည် ကျောင်းသားများအား တိုင်းရင်းသားယဉ်ကျေးမှုများနှင့် နက်နက်ရှိုင်းရှိုင်း ပါဝင်စေနိုင်အောင် ဦးတည်ပေးကာ ယဉ်ကျေးမှုဝိသေသလက္ခဏာကို အားကောင်းစေပြီး တရုတ်နိုင်ငံ၏ လူငယ်များက ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးဆောင်ရွက်နိုင်စေသော ယဉ်ကျေးမှုအမွေအနှစ်များကို ထောက်ခံစေနိုင်သည်။

ထိုအချိန်တွင်တစ်ပြိုင်နက်တည်း တက္ကသိုလ်က၎င်း၏ စတုတ္ထအကြိမ်မြောက် "Cloud Antiphonal Singing" ပြိုင်ပွဲကိုလည်း စတင်ကျင်းပခဲ့ပြီး အွန်လိုင်းနှင့် အော့ဖ်လိုင်း ပွဲတော်များကို ပေါင်းစည်းကာ ကျင်းပခဲ့သည်။ ကျောင်းသားများသည် ဒေသခံ တိုင်းရင်းသား သီချင်းများကို မိမိတို့၏ဘာသာရပ်ဆိုင်ရာအင်္ဂါရပ်များနှင့် ပညာရေးအိပ်မက်များ ပေါင်းစည်းကာ ထပ်မံဖန်တီးခဲ့ကြသည်။ ငယ်ရွယ်သောအသံများဖြင့် ယဉ်ကျေးမှုအပေါ် ယုံကြည်မှု၊ တနိုင်ငံလုံးအပေါ် ချစ်ခြင်းမေတ္တာနှင့် တိုင်းရင်းသားယဉ်ကျေးမှုအပေါ် ဂုဏ်ယူစွာဖော်ပြခဲ့ကြသည်။

ဤပွဲတွင် တက္ကသိုလ်၏ သက်ဆိုင်ရာ အဖွဲ့အစည်းဌာန၊ ပြန်ကြားရေးဌာန၊ ညီညွတ်ရေးဌာန၊ ကျောင်းသားရေးရာဌာန နှင့် တက္ကသိုလ်လူငယ်အဖွဲ့ချုပ်ကော်မတီတို့မှ ကိုယ်စားလှယ်များအပြင် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၅၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။